Tuesday 8 April 2014

ရိုဟင်ဂျာ ပြဿနာကို …ဘယ်လိုဖြေရှင်းကြမလဲ


 ===================================
မေသင်္ကြန်ဟိန်(မြစ်မခ) ဇွန် ၁၄၊ ၂၀၁၂၊ ရန်ကုန်မြို့။
ရိုဟင်ဂျာခေါ်..ဘင်္ဂါလီတွေက ကျမ...တို့ တိုင်းပြည်အတွက်တော့ တကယ့်ပြဿနာလို့ ပြောဆိုသုံးသပ်ကြပါတယ်။ ရခိုင်ပြည်နယ်အတွက်လည်း တကယ့်ကို ပြဿနာကြီးဖြစ်သလို မြန်မာပြည်အတွက်ကလည်း တမျိုးသားလုံးအတွက် ပေါ့ဆမေ့လျော့ထားလို့မရတဲ့ပြဿနာဖြစ်ကြောင်း သမိုင်းအထောက်အထားတွေမှာလည်း ထင်ထင်ရှားရှားတွေ့မြင်လာရပါတယ်။ (ရိုဟင်ဂျာ ပြဿနာဟာ ဘယ်လောက်ကြီးမားနိုင်သလဲ ဆိုတဲ့ ဆောင်းပါးရဲ့ အဆက်ပါ၊ ပထမပိုင်း မဖတ်ရသေးရင် ဒီမှာ မှာဖတ်လို့ရပါတယ်။
ပြဿနာကို ဘယ်သူ ဖန်တီးခဲ့တာလဲ ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်းတောဒေသတွေမှာ နေထိုင်သူတွေရဲ့ ၉၀%က ဘင်္ဂါလီတွေ၊ ၇ %က သာ ရခိုင်တိုင်းရင်းသားတွေလို့သိရပြီး၊ ကျန်တိုင်းရင်းသားတွေက ၃% လောက်ပဲ ရှိတယ်လို့ ကြားရစဉ်က ကျမအနေနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ တာဝန်ရှိသူတွေအပေါ်မှာ အပြစ်တင်ခဲ့မိပါတယ်။ သမိုင်းအထောက်အထားတွေနဲ့ သေချာစဉ်းစားကြည့်တော့ ကျမတို့အနေနဲ့ လ၀ကနဲ့ နစခ တွေအပေါ်မှာပဲ အပြစ်ပုံချနေကြတာ အလုံးစုံ မမှန်ကန်ဘူးဆိုတာလည်း တွေ့မြင်လာရပါတယ်။
ကိုလိုနီခေတ်မှာ အင်္ဂလိပ် တို့လက်အောက်သို့ ကျမတို့တိုင်းပြည် ရောက်သွားခဲ့ပြီး အင်္ဂလိပ်တို့ သိမ်းပိုက်ထားပြီးဖြစ်တဲ့ ဘင်္ဂလားနယ်များနဲ့ ရခိုင်ပြည် တစ်ပေါင်းတည်းတည်ရှိလာခဲ့ကြောင်း သိရပါတယ်။ ၁၈၃၉ခုနှစ်မှာ မြေရိုင်းများ တိုးချဲ့လုပ်ကိုင်နိုင်ရေးအတွက် ရခိုင်ပြည်နယ် ဂရံကြီး ဥပဒေတစ်ရပ်ထုတ်ပြန်ခဲ့ပြီး၊ ထိုဥပဒေအရ ချမှတ်ထားနဲ့ နယ်မြေအမြောက်အများအတွက် အလုပ်သမားများအနေနဲ့ စစ်တကောင်းမှ ဘင်္ဂါလီများ၊ မဒရပ်မှ ဆူရတီများ အများအပြားဝင်ရောက်လာခဲ့တယ်လို့ သမိုင်းမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။
ဒုတိယကမ္ဘာစစ်မတိုင်မီကတည်းက အိန္ဒိယနိုင်ငံရှိ မွတ်ဆလင်များက သီးခြား မွတ်ဆလင်နိုင်ငံထူထောင်ပေးဖို့ ဗြိတိသျှအစိုးရကို တောင်းဆိုခဲ့ကြောင်း၊ မွတ်ဆလင်အများစု ရှိတဲ့ အိန္ဒိယအနောက်ဘက်ဒေသနဲ့ အိန္ဒိယအရှေ့ဘက်ဘင်္ဂလားပြည်နယ်ဒေသတွေကို ပါကစ္စတန်နိုင်ငံအဖြစ် ထူထောင်ပေးဖို့ တောင်းဆိုခဲ့တယ်။ အဆိုပါ တောင်းဆိုမှုမှာ ဘူးသီးတောင်နဲ့ မောင်းတောရှိ ဘင်္ဂါလီတို့က ပါကစ္စတန်နဲ့ ပေါင်းပြီး နိုင်ငံထူဖို့ စီစဉ်ခဲ့ကြောင်း ခင်ကြီးဖျော် ရခိုင်ပြည်နယ် မူဂျာဟိန်းဟူသည် ရခိုင်တန်ဆောင်နှစ်လည် မဂ္ဂဇင်း ၁၉၅၉-၆၀(စာမျက်မှာ ၉၉)မှာ ဖော်ပြထားတာကို သမိုင်းအထောက်အထားအနေနဲ့ တွေ့ရပါတယ်။
ဗြိတိသျှတို့အနေနဲ့ မွတ်ဆလင်တို့ရဲ့ တောင်းဆိုချက်က မှားကြောင်း မှတ်ချက်ပြုခဲ့ပေမဲ့ တဖက်မှာလည်း မည်ကဲ့သို့ပြုလုပ်သင့်ကြောင်း လမ်းကြောင်းပေး၊ အကြုံပြုခဲ့ကြောင်း၊ ထိုလမ်းကြောင်းချက်များအတိုင်း ဘင်္ဂါလီတို့ကလည်းဆောင်ရွက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
၁၉၄၇ခုနှစ် မေလ ၁၅ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးဌာနက တင်ပြတဲ့အစီရင်ခံစာမှာ မောင်းတောနဲ့ဘူးသီးတောင်နယ်ကို Frontier Area သတ်မှတ်ပေးရန် တောင်းဆိုချက်များ ကိုင်စွဲထားပြီး၊ အရှေ့ပါကစ္စတန်ဧရိယာအတွင်း ပါဝင်ဖို့ တောင်းဆိုခဲ့တယ်လို့လည်း series 10/1,Acc No.641,NAD အရ သိရှိရပါတယ်။
မြန်မာပြည် လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်မှာလည်း မူဂျာဟစ်ပါတီအနေနဲ့ မြို့နယ်ဖဆပလ ဥက္ကဌ ဦးစံထွန်းအောင်မှ တဆင့်ဝန်ကြီးချုပ်ထံ တင်သွင်းပြီး တောင်းဆိုချက် စာတမ်းပေးပို့ခဲ့ကြောင်းသိရပါတယ်။
အဆိုပါ တောင်းဆိုချက်မှာ ရခိုင်ပြည်နယ်အတွင်းရှိ ဘင်္ဂါလီများအားလုံးကိုလည်း နိုင်ငံတော်အတွင်းရှိ ရခိုင်မွတ်ဆလင်အနေနဲ့ သတ်မှတ်လက်ခံပေးရန်၊မူဂျာဟစ်များကို ရခိုင်မွတ်ဆလင်သေနပ်ကိုင်တပ်အနေဖြင့် သီးခြားထားပေးရန်။ အစိုးရဌာနတိုင်းတွင် မွတ်ဆလင်များကို အရည်ချင်းအလိုက် ၀င်ခွင့်ပြုရန် စတဲ့…အချက်အလက်များပါဝင်သော တောင်းဆိုချက်များစွာဖြင့် လွှတ်တော်တွင်း ဆွေးနွေးရတဲ့အထိ ဖြစ်ပေါ်ခဲ့ကြောင်း ၁၉၅၇ စက်တင်ဘာ ၂၀ စာတွဲ(၄) ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်ညီလာခံမှတ်တမ်းအရ သိရပါတယ်။
ဖဆပလအစိုးရအနေနဲ့ ထိုအချိန်က မဲအနိုင်ရရှိရေးအတွက် ပြည်ထဲရေးဝန်ကြီးဦးဧမောင်(ခ)အဒူလာဒစ်ရဲ့ ထောက်ခံမှုနဲ့ ဘင်္ဂါလီများကို ခေါ်သွင်းလာခဲ့ပြီး ဘူးသီးတောင်ဒေသမှာ အဘူခိုင်ဆိုသူက ဖဆပလဥက္ကဌ၊ လ၀က တို့နဲ့ ပူးပေါင်းခဲ့ပြီး ဘင်္ဂါလီများကို မှတ်ပုံတင်ထုတ်ပေးခြင်းပြုလုပ်ပေးခြင်းနဲ့ အိမ်ထောင်စုစာရင်းများပြုလုပ်ပေးခြင်းဆောင်ရွက်ပေးခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိခဲ့ရပါတယ်။ ထိုအမှားဟာ ရခိုင်ပြည်ကို နောင်တွင် ဒုက္ခရောက်စေသော အမှားဖြစ်ခဲ့ကြောင်း သမိုင်းသုတေသနဌာန၊ မော်ကွန်းဌာနစု မှတ်တမ်း 0H/p/0360/2009အရ သိရပါတယ်။
ဖဆပလခေတ်မှာ မွတ်ဆလင်အမတ်များနေရာရလာပြီး ၀န်ကြီးအဆင့်ရာထူးများပါ ရရှိခဲ့တဲ့အတွက် ဘင်္ဂါလီပေါင်းများစွာ ၀င်ခွင့်ရခဲ့ခြင်းဖြစ်တယ်လို့လည်း ဖဆပလခေတ်သမိုင်းကြောင်း သုံးသပ်မှုမှာ တွေ့ရပါတယ်။ အဆိုပါ ဘင်္ဂါလီသမိုင်းကြောင်းကို သိနားလည်ထားတဲ့ ဗိုလ်ချုပ်နေ၀င်း အာဏာရရှိချိန်မှာ ၁၉၆၂ ခုနှစ်နောက်ပိုင်းမှာတော့ ဘင်္ဂါလီတွေကို မျက်နှာသားမပေးခဲ့ပဲ တောင်းဆိုချက်မှန်သမျှ ပါယ်ချခဲ့တယ်လို့လည်း သိရပါတယ်။
ဆိုရှယ်လစ်လမ်းစဉ်ပါတီအစိုးရလက်ထက်မှာ မွတ်ဆလင်တို့ရဲ့ တောင်းဆိုချက်များကို ဖယ်ရှားခဲ့ပြီး ပြည်နယ်အနေနနဲ့လည်း ရခိုင်နဲ့ မွန်ကိုသာ ပေးခဲ့ကြောင်း၊ ရခိုင်ပြည်မှ ဘင်္ဂါလီများက ရခိုင်တိုင်းရင်းသားမွတ်ဆလင်များအဖြစ် ရေးသားတင်ပြခဲ့ကြောင်းသိရပါတယ်။
အဆိုပါ ရေးသားတင်ပြမှုကို ပါလီမန်အမတ်ဟောင်း ဂဖါးမှ စတင်ခဲ့ပြီး ၁၉၆၀ ပြည့်နှစ် ဧပြီ ၂၁ ရက်နေ့ရန်ကုန်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲမှာ ရခိုင်တိုင်းရင်းသားရိုဟင်ဂျာလူမျိုးဟု လည်းကောင်း၊ ရိုဟင်ဂျာစကားဟု လည်းကောင်း ပြောဆိုခဲ့သည်ဟု မောင်းတောမြို့နယ်သမိုင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
နဂါးမင်း စီမံချက် ပြည်ပမှ နိုင်ငံခြားသားများ တရားမ၀င် ၀င်ရောက်ခြင်းကို ကာကွယ်တားဆီးနိုင်ရေးအတွက် နဂါးမင်း စီမံချက်ကို ၁၉၇၈ တနိုင်ငံလုံးမှာ ဆောင်ရွက်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါတယ်။ ထိုစီမံချက်အရ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာစတင်ခဲ့ပြီး တရားမ၀င်နေထိုင်နေသော ဘင်္ဂါလီများအနေနဲ့ ကြောက်လန့်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်းမှ ဘင်္ဂလားဒေရှ့်နိုင်ငံကို ထွက်ပြေးခဲ့တယ်လို့ သမိုင်းမှတ်တမ်းများက ပြောပါတယ်။
ထိုစဉ်နဂါးမင်း စီမံချက်ကြောင့် ဘင်္ဂလားဒေ့ရှ်တို့ ထွက်ပြေးသွားရသော ဘင်္ဂါလီခေါ် ရိုဟင်ဂျာတို့က ဗိုလ်ချုပ်နေ၀င်းအစိုးရက မွတ်ဆလင်များကို မျိုးပြုတ်အောင် သတ်ဖြတ်နေသည်ဟု သတင်းလွှင့်ခဲ့တဲ့အတွက် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ မလေးရှားစတဲ့ နိုင်ငံတွေမှာ ထုတ်ဝေတဲ့ သတင်းစာတွေမှာသာမက အနောက်နိုင်ငံအချို့မှာ ထုတ်ဝေလျက်ရှိသော သတင်းစာတွေမှာ ဖော်ပြခဲ့ကြပါတယ်။
ထိုကိစ္စကြောင့် မြန်မာအစိုးရနဲ့ တပ်မတော်ကို ၀ိုင်းဝန်းရှုံ့ချခဲ့ပြီး၊ ထိုပြဿနာဟာ ကုလသမဂ္ဂထိရောက်ခဲ့ကြောင်း ရခိုင်ပြည်နယ် ဖြစ်စဉ်သမိုင်း၊စတုတ္ထတွဲမှ ဖော်ပြချက်များနဲ့ နိုင်ငံတကာမှ သတင်းမှတ်တမ်းများအရ သိခဲ့ရပါတယ်။
မြန်မာအစိုးရအနေဲ့ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများကို စစ်ဆင်ရေးများ အစဉ်တဆက် ပြုလုပ်ခဲ့ပါတယ်။ အင်အား ၁၅၀၀၀ (တစ်သောင်းခွဲ) ခန့်ရှိသော ရိုဟင်ဂျာအမည်ခံဘင်ဂါလီများသည် ၁၉၇၅ ခုနှစ်မှာ စစ်ဆင်ရေးများမှ လွတ်မြောက်ရန် ဘင်္ဂါလီတို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ပြန်လည်ပုန်းခိုကြသပြီး ၁၉၇၈ ခုနှစ်မှာလည်း အထူးစစ်ဆင်ရေးနဲ့ ရိုဟင်ဂျာအမည်ခံဘင်ဂါလီ ၂၀၀၀၀၀ (၂သိန်း) ခန့်ကိဘင်္ဂလားးဒေ့ရှ် နိုင်ငံထဲသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ကြောင်း၊ အဆိုပါစစ်ဆင်ရေးများကို "ဘ၈င်္ါလီအကြမ်းဖက်နှိမ်နှင်းရေး" ဟူသာလူသိများပြီး အစိုးရကိုလည်း နိုင်ငံတကာကရှုံ့ချခြင်း ခံခဲ့ရကြောင်း မှတ်တမ်းများအရ သိရပါတယ်။ အပြည်ပြည်ဆိုင်ရာဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (United Nations High Commissioner for Refugees (UNHCR)) နှင့် ဆွေးနွေးမှုများအရ နောက်ပိုင်းတွင် အစိုးရအနေနဲ့ ရိုဟင်ဂျာအမည်ခံ ဘင်ဂါလီများအား မြန်မာနိုင်ငံအတွင်းတွင် နေထိုင်ရန်ပြန်လည်လက်ခံခဲ့ရပါတယ်။
၁၉၈၈နောက်ပိုင်း ရိုဟင်ဂျာအမည်ဖြင့် ရပ်တည်လှုပ်ရှားခဲ့ခြင်း ပြန်လည်ဝင်ရောက်လာသူ ဘင်္ဂါလီများက ရခိုင်ပြည်နယ်အတွင်းတွင် အခြေချ နေထိုင်ခဲ့ကြပါတယ်။
၁၉၈၉ခုနှစ် ၊ ၁၉၉၁-၉၂ခုနှစ် နဲ့ ၂၀၀၂ခုနှစ်များမှာလည်း အစိုးရက စစ်ဆင်ရေးများထပ်မံပြုလုပ်ခဲ့ပါတယ်။ ၁၉၉၁ ခုနှစ်စစ်ဆင်ရေးအပြီးမှာလည်း ရိုဟင်ဂျာအမည်ခံဘင်ဂါလီ စုစုပေါင်း ၂၅၀၀၀၀ (၂သိန်းခွဲ) ခန့်ကို မြန်မာနိုင်ငံအတွင်းသို့ တရာမ၀င် ၀င်ရောက်နေထိုင်ခြင်းမှကာကွယ်ခြင်းတို့ကို ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးကြောင့် မြန်မာအစိုးရကို အာဆီယံနိုင်ငံများအဖွဲ့မှ မူဆလင်နိုင်ငံများနှင့်အတူ အရှေ့အလယ်ပိုင်းမူဆလင်နိုင်ငံများ ၊ မကာအခြေစိုက် မူဆလင်အဖွဲ့အစည်း (Rabita-al-Alam-I-Islami (Muslim World League)) တို့ရဲ့ ဘာသာရေးဆိုင်ရာ ဖိအားပေးမှုများလည်း ရှိခဲ့ကြောင်း သမိုင်းသုတေသနမှတ်တမ်း၊မော်ကွန်းဌာနမှ မှတ်တမ်းအရ သိရပါတယ်။
အဆိုပါ အကျိုးသက်ရောက်မှုတစ်ခုအနေနဲ့ အစိုးရ ရိုဟင်ဂျာအမည်ခံဘင်ဂါလီများကို ပြန်လည်လက်ခံရပြီး ၁၉၉၂ ခုနှစ် နောက်ပိုင်းတွင် ရိုဟင်ဂျာအမည်ခံဘင်ဂါလီစုစုပေါင်း ၂၃၀၀၀၀ ခန့်ကို နိုင်ငံအတွင်း ၀င်ရောက်ခွင့် ပေးခဲ့ရခြင်းဖြစ်ပါတယ်။
ရိုဟင်ဂျာ လှုပ်ရှားမှု ဘင်္ဂါလီတို့အနေနဲ့ မေလ ၁၃ ရက်နေ့ကို ရခိုင်ပြည်နယ် ဘူးသီးတောင်မောင်တောဒေသက ရခိုင်များကို နှိမ်နင်းနိုင်သောနေ့အထိမ်းအမှတ်အဖြစ် သတ်မှတ်ပြီး ၁၉၈၈ခုနှစ်မေလ ၁၃ ရက်နေ့ည ၉နာရီအချိန်မှာ မောင်းတောမြို့ အမှတ်(၄)ရပ်ကွက်မြို့သစ်ဘုန်းကြီးကျောင်းကို စတင်ဖျက်ဆီးခဲ့ပြီး ၊ရခိုင်တိုင်းရင်းသားတွေကို အကြမ်းဖက်ခြင်းစတဲ့ ဆူပူလှုပ်ရှားမှုတွေကို ပြုလုပ်ခဲ့ကြောင်း သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစုရဲ့ မှတ်တမ်းမှာဖော်ပြထားချက်အရသိရပါတယ်။
ထိုစဉ်ကာလမှာလည်း ပြည်သူ့ရဲတပ်ဖွဲ့နှင့်အမှတ်(၂) လုံထိန်းများက ရခိုင်ပြည်သူများနှင့်အတူ ခုခံကာကွယ်ခဲ့ရကြောင်း သမိုင်းမှတ်တမ်းများအရ သိရပါတယ်။
အဆိုပါ ဆူပူအကြမ်းဖက်မှုမှာလည်း မောင်တောမှဘင်္ဂါလီခေါင်းဆောင် ဒေါက်တာထွန်းအောင်(အဒူလောက်)နဲ့စစ်တွေမြို့မှ ဘင်္ဂါလီရှေ့နေ ရွှေမောင်ဆိုသူကလည်း ဘင်္ဂါလီတို့မှာရိုဟင်ဂျာများဖြစ်ကြောင်း၊ ရခိုင်ပြည်သို့ ၀င်ရောက်လာသည်မှာ အေဒီ ၆၈၀ ခန့်ကပင်ဖြစ်ကြောင်း၊ အခွင့်အရေးရလျှင် ရခိုင်တိုင်းရင်းသားများနှင့် တန်တူရရှိမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီရလျှင် ပြည်နယ်အုပ်ချုပ်ခွင့်ရရမည်ဖြစ်ကြောင်း ဟောပြောသွားကြောင်း ရိုဟင်ဂျာဘင်္ဂလီများ ပြဿနာစာတမ်း၊စာ ၁၄၆မှာ ဖော်ပြထားတာတွေ့ရပါတယ်။
ထို့နောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ကြရာမှာလည်း အမျိုးသားပါတီက ၃၁ရက်နေ့ မတ်လ ၁၉၈၉ ခုနှစ် နေ့စွဲနဲ့ ရိုဟင်ဂျာ နိုင်ငံရေးသမိုင်းနှင့် အနာဂတ်ရခိုင်ပြည်ဟူသော စာတမ်းကို ထုတ်ဝေခဲ့ပြီး ထိုစာတမ်းမှာ ရခိုင်မွတ်ဆလင်များကို ရိုဟင်ဂျာလူမျိုးဟု ယုံကြည်အောင်ရေးသားထားကြောင်း မောင်းတောမြို့နယ်ဖြစ်စဉ်သမိုင်းမှာ ဖော်ပြထားတာ တွေ့ရပါတယ်။
၂၀၀၃ ခုနှစ်တွင်လည်း ဂျပန်တွင်အခြေစိုက်သော (မြန်မာနိုင်ငံရိုဟင်ဂျာများအသင်း- ဂျပန်ပြည်)ဇော်မင်းထွဋ်က ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားရိုဟင်ဂျာများ ဟူသော အမည်ဖြင့် စာအုပ်ထုတ်ဝေခဲ့ပြီး ကမ္ဘာ့နိုင်ငံကြီးတွေကို ဖြန့်ဝေခဲ့ကြောင်း၊ထို့နောက်မှာတော့ ရိုဟင်ဂျာလူမျိုးမှာ အမှန်တကယ်ရှိကြောင်း စာတမ်းဖတ်ပွဲတွေကို နိုင်ငံတကာအသိုင်းအ၀ိုင်းမှာ ပြုလုပ်ခဲ့ကြောင်း၊ အင်တာနက်များမှာ ရိုဟင်ဂျာ ၀က်ဆိုက်များပေါ်ပေါက်လာခဲ့ပြီး မီဒီယာလုပ်ငန်းတွေမှာလည်း စိမ့်ဝင်နေခဲ့ကြောင်း သုံးသပ်သူတွေရှိပါတယ်။
လူ့အခွင့်ရေးဟု ကျယ်ကျယ်လောင်လောင်အော်ရင်း ကမ္ဘာအနေနဲ့ ရိုဟင်ဂျာကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသား ရိုဟင်ဂျာအဖြစ် လက်ခံရေးအတွက် ကြိုးပမ်းလျက်ရှိကြောင်းလည်း ကြားသိခဲ့ရပါတယ်။
အဆိုပါ သမိုင်းအထောက်အထားများအရ သုံးသပ်ကြည့်ရင်တော့ ယခုရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်ခြင်းရဲ့ အကြောင်းရင်းကို စဉ်းစားနိုင်လိမ့်မယ်လို့လည်း နားလည်မိပါတယ်။
''ရိုဟင်ဂျာဆိုတာ မရှိဘူး။ ရခိုင်၊ မြို၊ ခမီ၊ ကမန်၊ သက်၊ ဒိုင်းနက်၊ မရမာကြီး ဆိုပြီး ရခိုင်လူမျိုး ခုနစ်မျိုးရှိတယ်။ ရိုဟင်ဂျာဆိုတာ တစ်ဖက်နိုင်ငံက တရားမ၀င် ခိုးဝင်လာတဲ့ ဘင်္ဂလားလူမျိုးတွေ ဖြစ်တယ်။ အဲဒါကို အမေရိကန် သံရုံးကရော၊ အမေရိကန် အစိုးရကရော သိဖို့ လိုတယ်။ ပြီးတော့ စဉ်းစားပါလို့ ပြောလိုတယ်။ ဒါကို ပြောချင်တယ်။
ရိုဟင်ဂျာဟာ မြန်မာတိုင်းရင်းသားလို့ ပြောပြီးတော့ နိုင်ငံရေးအရ ဖန်တီးနေတာသည် ဘာသာရေး လူမျိုးရေး အဓိကရုဏ်းဖြစ်ဖို့ ဖန်တီးနေတာဖြစ်တယ်။ ဘင်္ဂါလီတွေ မြန်မာနိုင်ငံမှာ တိုင်းရင်းသားဖြစ်ဖို့ ဖန်တီးနေတာ ဖြစ်တယ်။
ဘင်္ဂလားဒေ့ရှ်က ခိုးဝင်လာပေမယ့် ရခိုင်တွေက သည်းခံနေတယ်။ လက်ခံကြတယ်။ အတူတူ ငြိမ်းချမ်းစွာ နေကြတယ်။ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပေးထားတယ်။ သို့သော် ရိုဟင်ဂျာတွေကို တိုင်းရင်း သားဆိုပြီး လှုံ့ဆော်မှုမျိုးတော့ မလုပ်ပါနဲ့။ အခု မီးလောင်သွားတဲ့အိမ်တွေမှာ ရခိုင်အိမ်တွေက အများဆုံးပဲ။
ဒါတွေကို ဘင်္ဂါလီတွေ ခံရတယ်ဆိုတော့ ပြောင်းပြန်ဖြစ်နေတယ်။ ရခိုင်တွေ သေတယ်။ ဘင်္ဂါလီတွေ ပြောင်းလာခဲ့တယ်။
အဲဒါကြောင့် အဲဒီရွာတွေဟာ ဘင်္ဂါလီရွာတွေ ဖြစ်ကုန်တယ်။
ဒါပေမယ့် ကျွန်တော်တို့က ကြိုတင်ပြီး ဘာမှမလုပ်နိုင်ဘူး ဒါကို ကမ္ဘာက သိဖို့လိုတယ်။ အမှန်သိမှ ဖြစ်မယ်''လို့
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးအေးသာအောင်ကတော့ သူ့အနေနဲ့ ခုလို သုံသပ်ပြောဆိုပါတယ်။
လက်ရှိ အစိုးရအနေနဲ့လည်း ဗိုလ်ချုပ်နေ၀င်းခေတ်မှာ ဘင်္ဂါလီတွေကို မောင်းထုတ်ခဲ့ခြင်းကြောင့် ကြုံတွေ့ရတဲ့ အဖြစ်အပျက်၊ ၁၉၈၈ခုနှစ် မေလ ၁၃ ရက်နေ့ အတွေ့အကြုံတွေအရ ယခုအစိုးရအနေနဲ့ သတိထားကိုင်တွယ်ရမဲ့ ပြဿနာဖြစ်ကြောင်း နားလည်သဘောပေါက်တယ်လို့ ကျမယူဆမိပါတယ်။
ရိုဟင်ဂျာ ပြဿနာနဲ့ အရေးဟာ ကျမတို့အတွက်တော့ အမျိုးသားရေးပါ။မြန်မာပြည်ကို ကာကွယ်ရမဲ့ အရေးလို့ပဲ ကျမအနေနဲ့ မြင်မိပါတော့တယ်။
ကျမ်းကိုးစာရင်း
========
D264 သမိုင်းသုတေသနဦးစီးဌာန၊မော်ကွန်းဌာနုစု D272 သမိုင်းသုတေသနဦးစီးဌာန၊
မော်ကွန်းဌာနုစု D1313 သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု၊
၁၉၈၈ D1315 သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနုစု D1316 သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနုစု D1317သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနု D1318 သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနု D1319သမိုင်းသုတေသနဦးစီးဌာန၊
မော်ကွန်းဌာနု DR491(56)၊ သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု Series 10/1,Acc,No,641.NAD MF-962၊ သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု OH/P/ 0354/2009၊
သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု OH/P/ 0355/2009၊တွေ့ဆုံမေးမြန်းချက်၊
သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု OH/P/ 0356/2009၊တွေ့ဆုံမေးမြန်းချက်၊
သမိုင်းသုတေသနဦးစီးဌာန၊ မော်ကွန်းဌာနစု ရခိုင်ဒေသတွင်းသို့ မွတ်ဆလင်များ ၀င်ရောက်လာခြင်းနှင့် နိုင်ငံရေးလှုပ်ရှားမှုအဆင့်ဆင့် ၊သမိုင်သုတေသနဦးစီးဌာန။ ၂၀၀၉-မတ်လ။ ခင်ကြီးဖျော်၊ ရခိုင်ပြည်မှမူဂျာဟိန်းဟူသည်၊ ရခိုင်တန်ဆောင်၊ အတွဲ - ၁၊ အမှတ် - ၈ ၊ ၁၉၅၉-၆၀ စံထွန်းအောင်ဦးကိုယ်တွေ့ မေယုနှင့် ရိုဟင်ဂျာ၊ (လက်နှိပ်စာမူ) စံသာအောင်၊ ဦးအာနန္ဒစန္ဒြကျောက်စာ စန္ဒမာလာလင်္ကာရ၊ ရခိုင်ရာဇာဝင်သစ်၊ (ပ) တွဲ၊ ပိဋကတ်ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၃၁ ဇော်မင်းထွဋ်၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသားရိုဟင်ဂျာများ၊ (ပထမအကြိမ်)၊ Maruyama Corp,Tokyo၊ ၂၀၀၃ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ညီလာခံမှတ်တမ်း(၁၉၅၇ စက်တင်ဘာလ ၂၀ ရက်)စာတွဲ(၄) အစည်းအဝေးမှတ်တမ်း၊ ၁၉၉၉ ပဏ္ဍိ၊ဦးဓည၀တီရာဇ၀င်သစ်၊ ပြည်မကြီးမဏ္ဍိုင် ပိဋကတ်ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၁၀ ပြည်နယ်ဖြစ်စဉ်သမိုင်း၊ ရခိုင်ပြည်နယ်၊ လက်နှိပ်စက်စာမူ ပြည်တွင်းသောင်းကျန်းမှုသမိုင်း၊ အပိုင်း(၂) ဖော်ဇံ၊ `ရခိုင်နယ်စပ်မှ ဗိုလ်ချင်းပျံ၊ ဓည၀တီမဂ္ဂဇင်း၊ နှစ်လည်(၁၉၅၂ - ၅၃) ဘူးသီးတောင်မြို့နယ်သမိုင်း၊ ဘုံပေါက်သာကျော်၊ တော်လှန်ရေးခရီးဝယ်၊ သတင်းဂျာနယ်ပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၇၃ ဘုံပေါက်သာကျော်၊ ရခိုင်ပြည်နယ်နှင့်ရိုဟင်ဂျာအမည်ခံ ဘဂါင်္လီများပြဿနာစာတမ်း၊ ၁၉၈၉ ၊ လက်နှိပ်စာမူ၊ သမိုင်းသုတေသနဦးစီးဌာန၊ ၁၉၈၉မောင်တောမြို့နယ်ဖြစ်စသ်သမိုင်း၊ သမိုင်းပြုစုရေးအဖွဲ့၊ မောင်တောမြို့နယ်ပြည်သူ့ကောင်စီ၊ ၁၉၈၁၊ လက်ရေးမူ မောင်တောမြို့နယ် ၊၂၈-၂-၂၀၀၈ မောင်တောမြို့နယ် အနာဂတ် သာသနာတော်အရေးအခင်းနှင့် ပတ်သက်တင်ပြလျှောက်ထားချက်၊ ၂၈-၉-၁၉၈၈ မောင်ထင်` ရခိုင်ပြည်နယ် အစီရင်ခံစာ´၊ မြ၀တီမဂ္ဂဇင်း၊ ၁၉၆၀၊ ဇူလိုင်၊ အတွဲ ၈ မူဂျာဟစ်များအလင်းဝင်ခြင်း၊ မြ၀တီပုံနှိပ်တိုက်၊ စာမျက်နှာ ၊ ခုနှစ်မပါ။ မြန်မာမင်းများ အရေးတော်ပုံ၊နံ့သာပုံနှိပ်တိုက်၊ ရန်ကုန်၊ ၁၉၆၇ ရခိုင်အားမာန်(၂) ၊ရခိုင်သမိုင်းသုတေသနအသင်း၊ ၁၉၉၆ ရသေ့တောင်မြို့နယ်သမိုင်းဖြစ်စဉ်မှတ်တမ်း၊ မြို့နယ်သမိုင်းဖြစ်စဉ်မှတ်တမ်းပြုစုရေးအဖွဲ့၊ ရသေ့တောင်၊ ၁၉၈၁ ။

No comments: