Wednesday 27 February 2013

= = = အစ္စလာမ်အကြမ်းဖက်အုပ်စုများ = = = (၁) ဖိလိပိုင်နိုင်ငံ - မိုရို အမျိုးသား လွတ်မြောက်ရေး တပ်ဦး (အမ်အန်အယ်လ်အက်ဖ်) Moro National Liberation Front (MNLF)

 

ဘရီတန်းနီးကား စွယ်စုံကျမ်း ဆောင်းပါး (၂၀၁၀)

လွတ်လပ်သော ဒီမိုကရက်တစ် အစ္စလာမ် တိုင်းပြည်တစ်ခု တည်ထောင်ဖန်တီးရန် လှုပ်ရှား ဆောင်ရွက်ရာတွင် ပြောက်ကျား နည်းဗျူဟာများနှင့် အကြမ်းဖက်မှုများကို အသုံးပြုသော ဖိလိပိုင်နိုင်ငံတောင်ပိုင်းမှ မူစလင် ခွဲထွက်ရေး လှုပ်ရှားမှု
Muslim separatist movement in the southern Philippines that has employed guerrilla tactics and violence in its campaign for the creation of an independent democratic, Islamic state.
မင်ဒါနာအို ကျွန်းနှင့် ဖိလိပိုင်နိုင်ငံတောင်ပိုင်းရှိ အခြား ကျွန်းများမှ မူစလင်ဘာသာဝင် မိုရိုလူမျိုးတို့၏ အမည်ကို ယူထားသော MNLF သည် သမ္မတ ဖာဒီနန် မာကို့စ်က စစ်အုပ်ချုပ်ရေးဥပဒေ ထုတ်ပြန်လိုက်ပြီး မကြာမီ (၁၉၇၃)မှ စတင်၍ ဖိလိပိုင်အစိုးရကို ဆန့်ကျင်သော သောင်းကျန်းမှုကို ဦးဆောင်ခဲ့သည်။
Taking its name from the Muslim Moro peoples of Mindanao and other southern islands of the Philippines, the MNLF led an insurgency against the Philippine government that began in 1973, soon after President Ferdinand Marcos imposed martial law.
MNLF ၏ စုစည်းမှုအားကောင်းပြီး ရှုပ်ထွေးပွေလီသော Bangsa မိုရို စစ်တပ် ဟု သိကြရသော စစ်ဘက်တပ်ဖွဲ့တွင် (၁၉၇၀)ခုနှစ်များက အင်အား အတောင့်တင်းဆုံး အချိန်တွင် တိုက်ခိုက်ရေး သမား (၃၀,၀၀၀) ရှိသည်။ (၁၉၇၅) ခုနှစ်တွင် မာကို့စ်သည် မိုရိုတို့၏ စီးပွားရေးဆိုင်ရာ နစ်နာမှုများကို ကုစားပေးခဲ့သည်။ အနည်းဆုံးအားဖြင့် ခရစ်ယာန်ဘာသာဝင် မြေပိုင်ရှင်များကို ဆန့်ကျင်လျှက် ညီမျှမှုရှိအောင် ညှိပေးခဲ့သည်။ သို့သော် အစိုးရ၏ ဒေသဆိုင်ရာ ကိုယ်ပိုင် အုပ်ချုပ်ရေး ကမ်းလှမ်းမှုများကို MNLF က ပယ်ချခဲ့ပြီး မိုရိုကျွန်းများ အပြည့်အ၀ လွတ်လပ်ရေး ရရန်အတွက် ဆက်လက် တောင်းဆိုနေခဲ့သည်။
The MNLF's well-organized and sophisticated military force, known as the Bangsa Moro Army, had 30,000 fighters at the time of its greatest strength in the 1970s. In 1975 Marcos conceded that the Moros' economic grievances, at least, were justified, particularly against Christian landowners; but government offers of regional autonomy were rejected by the MNLF, which continued to demand complete independence for the Moro islands.
MNLF သည် မင်ဒါနာအိုတွင် ကျင်းပသော ရွေးကောက်ပွဲများကို သပိတ်မှောက်ခဲ့ပြီး National Society Movement အား ဥပဒေပြုမှုဆိုင်ရာ ထိန်းချုပ်ခွင့်ကို ပေးခဲ့သည်။ (၁၉၇၀)နှစ်များ အတွင်း မိုရို အစ္စလာမ် လွတ်မြောက်ရေး တပ်ဦး (MILF) နှင့် Bangsa မိုရို လွတ်မြောက်ရေး အစည်းအရုံးတို့ ဖွဲ့စည်းဖြစ်ပေါ်စေသော ပြိုကွဲမှု အပါအ၀င် အကွဲအပြဲများ ဆက်တိုက် ဖြစ်ပွားခြင်းကြောင့် နောက်ပိုင်းတွင် အားနည်းသွားခဲ့သည်။
The MNLF boycotted elections in Mindanao, giving legislative control to the National Society Movement. The organization subsequently was weakened by a series of factional splits, including breaks in the 1970s that resulted in the formation of the Moro Islamic Liberation Front (MILF) and the Bangsa Moro Liberation Organization.
(၁၉၈၁)ခုနှစ် အစပိုင်းတွင် စစ်အုပ်ချုပ်ရေးဥပဒေ ရုပ်သိမ်းလိုက်သော်လည်း ပြောက်ကျား လှုပ်ရှားမှု ဆက်လက်ရှိနေခဲ့သည်။ (၁၉၈၁)ခုနှစ် ဖေဖော်ဝါရီလတွင် MNLF သည် အစိုးရတပ်များအား တိုက်ခိုက်ခဲ့ပြီး ပါတာကျွန်းပေါ်၌ တပ်သား (၁၂၀)ကို သတ်ဖြတ်ခဲ့သည်။ ဤအုပ်စုသည် အကြမ်းဖက် တိုက်ခိုက်များ အပြင် ရိုမန်ကက်သလစ် ဘုန်းတော်ကြီးများ၊ နိုင်ငံခြားသားများနှင့် အခြားသူများကို ပြန်ပေးဆွဲခဲ့ပြီး ဓားစားခံများအတွက် ပြန်ပေးငွေ တောင်းခံခဲ့သည်။
Although martial law was lifted at the beginning of 1981, guerrilla activity continued. In February 1981 the MNLF attacked government forces, killing more than 120 troops on the island of Pata. In addition to violent attacks, the group also kidnapped Roman Catholic bishops, foreigners, and others and made ransom demands for their hostages.
(၁၉၈၆)ခုနှစ်တွင် မားကို့စ်သည် ပြည်သူ့တော်လှန်ရေးကြောင့် အာဏာ စွန့်ခဲ့ရသည်။ သမ္မတသစ် ကိုရာဇန်အာကွီနို နှင့် MNLR ခေါင်းဆောင် Nur Misuari တို့သည် အပစ်အခတ်ရပ်စဲရေးကို အလျှင်အမြန် စီစဉ်လုပ်ဆောင်ခဲ့ကြပြီး (၁၉၈၇)ခုနှစ် ဇန်န၀ါရီလတွင် MNLF က ဒေသဆိုင်ရာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဘက်သို့ ပြန်လှည့်ကာ လွတ်လပ်သော တိုင်းပြည်အဖြစ် တောင်းဆိုမှုကို စွန့်လွှတ်ရန် သဘောတူညီခဲ့သည်။
In 1986 Marcos was forced from power by a popular revolution. The new president, Corazon Aquino, and the leader of the MNLF, Nur Misuari, quickly arranged for a cease-fire, and in January 1987 the MNLF agreed to drop its demand for an independent state in return for regional autonomy.
သို့ရာတွင် MILF က သဘောတူညီချက်ကို လက်မခံဘဲ ငြင်းဆန်ခဲ့ပြီး အစိုးရနှင့် အတိုက်အခံ အုပ်စုများအကြား ဆွေးနွေးမှုများ ပျက်ပြားသွားခဲ့သည်။ (၁၉၈၈)ခုနှစ်တွင် MNLF က အပစ်အခတ် ရပ်စဲထားခြင်းကို ရပ်စဲလိုက်သည်။ ဆွေးနွေးပြောဆိုမှုများ ပျက်ပြားခြင်းနှင့် ဆက်လက် တိုက်ခိုက်ခြင်းများ ဖြစ်နေလင့်ကစား အစိုးရက မူစလင်ဘာသာ ကိုးကွယ်သော မင်ဒါနာအို အတွက် ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေ ထူထောင်ရန် လမ်းဖွင့်ပေးသော ဆန္ဒခံယူပွဲများကို (၁၉၉၀)ခုနှစ်က ကျင်းပပေးခဲ့သည်။
However, the MILF refused to accept the agreement, and discussions between the government and opposition groups broke down. In 1988 the MNLF officially lifted its cease-fire. Despite the breakdown in the talks and the continued fighting, the government held referendums that led to the establishment of an autonomous region for Muslim Mindanao in 1990.
တိုက်ပွဲငယ်ကလေးများ နှစ်ပေါင်း များစွာ ဖြစ်ပွားပြီးနောက် ဖိလိပိုင်သမ္မတ ဖီဒယ်ရာမို့နှင့် Misuari တို့သည် (၁၉၉၆)ခုနှစ်၌ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ခု ရရှိခဲ့သည်။ ယင်းနှစ် နောက်ပိုင်းတွင် Misuari သည် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသ၏ အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ခံရသည်။ သို့ရာတွင် MNLF နှင့် အစိုးရအကြား ပဋိပက္ခများ ဆက်လက်ဖြစ်ပွားလျှက် (၂၁)ရာစုအတွင်းသို့ ၀င်ရောက် လာခဲ့သည်။ (၂၀)ရာစု၏ နောက်ဆုံး ဆယ်စုနှစ် သုံးခုအတွင်း မိုရို အကြမ်းဖက် အုပ်စုများနှင့် အစိုးရအကြား တိုက်ခိုက်မှုများတွင် လူသေဆုံးမှုပေါင်း (၁၀၀,၀၀၀) ရလာဒ် ထွက်ခဲ့သည်။
After several more years of skirmishes, Philippine President Fidel Ramos and Misuari concluded a peace accord in 1996. Later that year, Misuari was elected governor of the autonomous region. However, clashes between the MNLF and the government continued into the 21st century. During the last three decades of the 20th century, the fighting between Moro guerrilla groups and the government resulted in about 100,000 deaths

No comments: