Friday 1 February 2013

ရခိုင်သမိုင်းမြောက်ဦးဘုရင်သဇာတသည် မူဆလင်ဖြစ်သည်ဟု ဘင်္ဂလီလူမျိုးတို့က သွယ်ဝိုက်ကာ လုပ်ကြံစွပ်စွဲထားသည် ကို ငြင်းဆိုချက်စာတမ်း

ရခိုင်သမိုင်းမြောက်ဦးဘုရင်သဇာတသည် မူဆလင်ဖြစ်သည်ဟု    
          ဘင်္ဂလီလူမျိုးတို့က သွယ်ဝိုက်ကာ လုပ်ကြံစွပ်စွဲထားသည် 
                        ကို ငြင်းဆိုချက်စာတမ်း

     စစ်တကောင်း အနွယ်ဝင် ဘင်္ဂါလီလူမျိုးတို့သည် မြန်မာနိုင်ငံ၏ တိုင်းရင်း သား/နိုင်ငံသားများအဖြစ်ခံ ယူရရှိလိုသည့်အတွက် နီးစပ်ရာ ရခိုင်သမိုင်း ထဲမှ အချက်အလက်အချို့ကိုယူ၍ သူတို့၏ သမိုင်း ဖြစ်ဖန်တီး ရေးသားကာ၊ အများပြည်သူရှေ့မှောက်သို့ တင်ပြလာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာရှိပါပြီ။ 
ယခုလည်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဒီမိုကရက် တစ်ပါတီမှ နိုင်ငံတော်သို့ တင်ပြသော “ ရခိုင် ပြည်နယ်အတွင်း မှီတင်းနေထိုင် ကြသော ဒေသခံအစ္စ လာမ် ဘာသာဝင်များသည် ဥပဒေကြောင်းအရ လည်းကောင်း၊ သဘာဝ အလျောက် မွေးရာပါနိုင်ငံသားများဖြစ်၍ လည်းကောင်း၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ တိုင်းရင်းသား /နိုင်ငံသား များဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော်သို့ တင်ပြသည့် စာတမ်း”၏  စာမျက်နှာ (၃၁) နှင့် ပူးတွဲ(၂၅) (နောက်ဆက်တွဲ- ၁ ဖြင့် ဖော်ပြထား ပါသည်) တို့တွင် ရခိုင်သမိုင်း မြောက်ဦးခေတ်၏ (၁၁)ဆက်မြောက်ဘုရင် သဇာတမင်းအား အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူအဖြစ် သွယ်ဝိုက်၍ လုပ်ကြံစွပ်စွဲထားပါသည်။ မျဉ်းပြိုင်နှစ်ကြောင်းကို စကြာဝဠါ ကုန်လွန်သည်အထိ ဆက်ဆွဲပါသော်လည်း မည်သည့်အခါတွင်မှ ဆုံတွေ့နိုင် စရာအကြောင်း လုံးဝမရှိ။ ထို့အတူ ရခိုင်လူမျိုးတို့သည် မည်သည့်အခါတွင်မှ မူဆလင် ဖြစ်လာနိုင်စရာအကြောင်း လုံးဝ(လုံးဝ)မရှိပါ။

- ရခိုင်လူမျိုးအားလုံးသည် မြတ်ဗုဒ္ခ ဓည၀တီပြည်သို့ ကြွရောက်လာ 
        သည့် ဘီစီ (၅၇၀)ခန့်မှစ၍ ယနေ့တိုင် မွေးရာပါ ဗုဒ္ခဘာသာဝင် 
        များဖြစ်ပြီး မိမိကိုယ်တိုင်ကလည်း ဗုဒ္ဓဘာသာကို နှလုံးစိတ်ဝမ်း  
         ထဲမှပင် သက်ဝင်ယုံကြည်သူများသာ ဖြစ်ကြသည်။
- ဗုဒ္ခဘာသာဝင်မဟုတ်လျှင် ရခိုင်လူမျိုး လုံးဝမဟုတ်။
- ထို့အတူ ရခိုင်လူမျိုးများ ဖြစ်ကြသော ရခိုင်ဘုရင်များအားလုံး သည်လည်း ဘီစီ (၅၇၀) ခန့်မှစ၍ မွေးရာပါ ဗုဒ္ခဘာသာဝင်များဖြစ်ပြီး မိမိကိုယ်တိုင်ကလည်း ဗုဒ္ဓသာသနာတော်ကို ခိုင်မာစွာ သက်ဝင်ယုံကြည် သူများသာ ဖြစ်ကြသည်။

           ရခိုင်ဘုရင်တို့သည် နန်းတက်မည်ဆိုလျှင် မဟာကျိန်ဘုရား ကို ခေါင်းပေါ်ရွက်၍လည်းကောင်း၊ မဟာကျိန်ဘုရားရှေ့မှောက်တွင် ၀ပ်တွားဦးတင်၍လည်းကောင်း ကျမ်းသစ္စာကျိန်ဆိုကြရပါသည်။ သို့မှသာ နန်းတက် မင်းပြုခွင့် ရှိပါသည်။ ထို့နောက် မင်းဆရာသံဃရာဇာတို့၏ ခွင့်ပြုချက် လမ်းညွန်ချက်တို့ဖြင့်  ဘိသိက်ခံကြရသည်။ သို့ဖြစ်ရာ ဗုဒ္ခဘာသာဝင်မဟုတ်လျှင် ရခိုင်ဘုရင်ဖြစ်ခွင့် လုံးဝ(လုံးဝ)မရှိပါ။
ရခိုင်သမိုင်းခေတ်ကြီး(၄)ခေတ်ကို ခြုံငုံလေ့လာသုံးသပ်ကြည့်လျှင် ဓည၀တီရခိုင်ပြည်ကြီးကို ဘာသာ ခြား ဘုရင်တစ်ပါးတလေမှ အုပ်ချုပ်ပိုင်စိုးခဲ့ခြင်း လုံးဝ(လုံးဝ)မရှိခဲ့ဖူးပါ။ အားလုံးအသိပင်ဖြစ် သည်။  ဗုဒ္ခသာ သနာတော်သည်လည်း ရခိုင်သမိုင်းတလျှောက် ရခိုင်ပြည်နယ် တ၀ှမ်းလုံးတွင် မည်သည့်နေရာတွင်မှ မည်သည့်အချိန် တွင်မှ မှေးမှိန်ခြင်း လုံးဝ(လုံးဝ)မရှိခဲ့ဖူးပါ။
 ဘဂါင်္လီတို့သည် သူတို့၏ စတိုင်အရ မူဆလင်ဘွဲ့ခံ မြောက်ဦးဘုရင် (၁၃)ပါးကို မူဆလင်ဟု ယခင်က စွပ်စွဲ ခဲ့ဖူးပါသည်။ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့(ရန်ကုန်)၏ ၂၀၁၁ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော စာတမ်းတွင် ထိုရခိုင် ဘုရင် (၁၃) ပါးသည် မူဆလင်များလုံးဝ မဟုတ်ကြောင်း၊ ထိုဘုရင်တို့ တည်ထားခဲ့သော လက်ရှိ ဘုရားပုထိုးစေတီ ဂူသိမ်များကို သက်သေထား၍ ချေပထားကြောင်း တွေ့ရှိရသည်။
 ယခုတဖန်လာပြန်ပြီတစ်ကျော့-
 မြောက်ဦးဘုရင်သဇာတကို မူဆလင်ဖြစ်ကြောင်း အောက်ဖော်ပြပါ အာရဗီစာ (၂)ဘက်ထိုး ငွေဒင်္ဂါးကို သက်သေပြပြီး ဘင်္ဂါလီတို့က နောက်ဆက်တွဲ (၁) ပါ စာတမ်းအတိုင်း သွယ်ဝိုက်ကာ စွပ်စွဲလာပါသည်။
                                          
 ဤဒင်္ဂါး(၂)ဘက်တွင် ရေးထိုးထားသော အာရဗီစာများကိုလည်း ဘင်္ဂါလီတို့က ထိုစာတမ်းတွင် အောက်ပါ အတိုင်း ဘာသာပြန်ဆိုဖော်ပြထားပါသည်။
ဒင်္ဂါး၏ အရှေ့ဘက်မျက်နှာစာ အဓိပ္ပါယ်
 “ အလ္လာအရှင်မြတ်မှအပ မည်သည့်ဖန်ဆင်းခံမျှ ခ၀ပ်ကိုးကွယ်ခြင်းခံယူထိုက်သော အရည်အခြင်း မရှိကြောင်းနှင့် ဖန်ဆင်းရှင် အလ္လာအရှင်မြတ်သာလျှင် အမှန်တကယ်ခ၀ပ်ကိုးကွယ်ခြင်း ခံယူထိုက်သော အရှင်ဖြစ်ကြောင်း ကျွန်တော်မျိုးယုံကြည်ပါ၏။ တမန်တော် မူဟမ္မဒ်သည် ဖန်ဆင်းရှင် အလ္လာအရှင်မြတ် ဘက်သို့ ဖိတ်ခေါ်ရန် နှိုးဆော်သူအဖြစ် စေလွှတ်ခြင်းခံရသော နောက်ဆုံးရစူလ်တမန်တော် တစ်ပါးဖြစ် ကြောင်း ကျွန်တော်မျိုးယုံကြည်ပါ၏၊ ကျွန်တော်မျိုး၏ နိုင်ငံကို အရှင်မြတ်စောင့်ရှောက် တော်မူပါစေ”
ဒင်္ဂါး၏ နောက်ကြောဘက် မျက်နှာစာ အဓိပ္ပါယ်
 “သနားကြင်နာခြင်းတို့၏ ဖခင် အယ်လ်မူဇာဖါးဆူလ်တန်အလီရှား ကျွန်တော်မျိုး၏ နိုင်ငံကို အလ္လာ အရှင်မြတ် စောင့်ရှောက်တော်မူပါစေ”
 ဤဒင်္ဂါးစာများကို ယခုကဲ့သို့ ဘင်္ဂါလီတို့ ဘာသာပြန်တင်ပြလိုက် သည်ကို အလွန်ပင်ကျေးဇူးတင်စရာ ကောင်းသည်။ အဘယ်ကြောင့် ဆိုသော် ဒင်္ဂါးပါစာအဓိပ္ပါယ်ကို ကျွန်ုပ်တို့ ယခုကဲ့သို့ အသေးစိတ်ဖတ်ရ သိရှိခွင့်ရသောကြောင့် ဤဒင်္ဂါး မှာ ရခိုင်ဘုရင် တစ်ဦးထုတ်ဝေခဲ့သော ဒင်္ဂါးမဟုတ်ကြောင်း၊ အထူးသဖြင့် သဇာတ မင်းထုတ်ဝေခဲ့သောဒင်္ဂါး လုံးလုံးလျားလျား မဟုတ်ကြောင်း ပီပီပြင်ပြင် ကျွန်ုပ်တို့ သိမြင်လာ ရ၍ ဖြစ်သည်။
 သို့ကြောင့် ဤဒင်္ဂါးသည် ရခိုင်ဘုရင်တစ်ဦးဦး (သို့) သဇာတမင်း ထုတ်ဝေခဲ့သောဒင်္ဂါး လုံးဝ(လုံးဝ) မဟုတ်ကြောင်း အောက်ပါအချက်အလက်များကို သက်သေထား 
၍ ပြတ်ပြတ်သားသားငြင်းဆိုလိုက်ရပါ သည်။

၁။ ရခိုင်ပြည်နယ်တွင်တွေ့ရှိရသော ဒင်္ဂါးတိုင်းကို ရခိုင်ဘုရင် ထုတ်ဝေခဲ့ သည်ဟု ပုံသေကားချမှတ်ယူ၍ မရပါ။ ပျူဒင်္ဂါးများနှင့် တိုင်းတပါး မှဘုရင်များ ထုတ်ဝေခဲ့သော အခြားဒင်္ဂါးများကိုလည်း  ရခိုင်ပြည် နယ် တွင် တွေ့ရှိရပါသည်။

၂။ ရခိုင်ဘုရင် သဇာတသည် ဗုဒ္ဓဘာသာဝင်မျိုးရိုးစဉ်ဆက်မှ ဆင်းသက်လာပြီး ဗုဒ္ဓသာသနာတော်ကို   လုံးဝဥဿုံယုံကြည် သက်ဝင်သူတစ်ဦးဖြစ်ကြောင်း၊ ထိုမင်းသာသနာပြု တည်ထားခဲ့သော 

    အောက်ဖော်ပြပါ ဘုရားပုထိုးစေတီများက သက်သေခံလျက် ရှိနေပါသည်။
(က) ရန်အောင်တော်ဘုရားကြီး
(ခ)  နိဗ္ဗူဇာစေတီများ
(ဂ)  ၀သဲဘုရားကြီး
(ဃ) ဆုတော်ပန်ဘုရားကြီး
(င)  သက်တော်ရှည်စေတီ
(စ)  သက်တော်ရပုထိုး
(ဆ) ဗိုလ်ဖြူဘုရား
(ဇ)  လက်ကြွယ်တော်ဓါတ်စေတီများ
(စ်)  ရတနာသိဂၤေစတီ

၃။ သဇာတမင်း၏ မူဆလင်ဘွဲ့မှာ အလီသျှာဖြစ်ပြီး၊ အယ်လ်မူဇာဖား ဆူလ်တန်အလီရှား လုံးဝမဟုတ်ပါ။ ဤအမည်ကို မည်သည့် ရခိုင်ရာဇ၀င်သမိုင်းတို့တွင်မှ  မတွေ့ဖူးပါ။

၎။ ဘင်္ဂါလီတို့၏ စာတမ်းတွင် ဖော်ပြထားသော သဇာတမင်း၊ အေဒီ (၁၅၂၅)တွင်၊ မြောက်ဦးနန်းတော်၌ အုပ်စိုးနေခဲ့သည်ဆိုသည်မှာ မမှန်ပါ။ ရခိုင်ရာဇ၀င်များ၊ သမိုင်းများ၊ ဒင်္ဂါးများ၊  ကျောက်စာများ၊ ပေစာများ၊ ကမ္ဗည်းစာများဖြင့် ကိုက်ညှိရေးဆွဲထားချက်အရ သဇာတမင်းသည်
    အေဒီ (၁၅၁၅)မှ (၁၅၂၁) ထိသာ ထီးနန်းစိုးစံခဲ့သည်။

၅။ ရခိုင်ဘုရင်များ မူဆလင်ဘွဲ့ခံခဲ့ရသည့်အကြောင်းရင်းမှာလည်း မူဆလင်ဖြစ်၍ လုံးဝမဟုတ်။
    အိမ်နီးချင်းမူဆလင်ဘုရင်များနှင့်  ထည်ဝါစွာ ကူးလူးဆက်ဆံလို၍ဖြစ်ခြင်း၊ မဂိုဘုရင်တို့က မူဆလင်ဘွဲ့များကို ဆက်ကပ်ခဲ့၍ ဖြစ်ခြင်း၊ ဘင်္ဂါ (၁၂) မြို့ကို သိမ်းပိုက် ပိုင်စိုးနိုင်ခဲ့၍ ဖြစ်ခြင်း စသည်တို့ ဖြစ်သည်။ ဘင်္ဂါလီတို့ ဆိုထားသကဲ့သို့ မူဆလင်တို့၏ လက်အောက်ခံဖြစ်၍ ဟူသည်လည်း လုံးဝ (လုံးဝ) မဟုတ်ပါ။

၆။ အယ်လ်မူဇာဖားဆူလ်တန်အလီရှား ဟူသည့်အမည်သည်    မူဆလင် 
    ဘွဲ့ခံ မြောက်ဦးဘုရင် (၁၃)  ပါးစာရင်းတွင် မပါရှိပါ။ ဘင်္ဂါ(၁၂) မြို့ကို အုပ်စိုးခဲ့သော အနောက်ဘုရင် (ရခိုင်ဘုရင်ခံ) (၉) ပါးစာရင်းတွင်လည်း လုံးဝမပါရှိပါ။

မူဆလင်ဘွဲ့ခံ မြောက်ဦးဘုရင် (၁၃ )ပါးစာရင်း
က။ နရနုမင်း (ခေါ်) မင်းခရီ  -  အလီခင်
ခ။ ဘစောဖြူမင်း           -  ကလီမာသျှာ
ဂ။ မင်းဒေါလျာ (ခေါ်) မင်းသုဒ္ဓေါလျာ -  မောဥသျှာ
ဃ။ ဘစောညိုမင်း           -  မဟာမောက်သျှာ
င။ မင်းရန်အောင်           -  နောရိသျှာ
စ။ စလင်္ကာသူမင်း(ခေါ်)သိင်္ဂသူမင်း -  သက်ကောက်ဒေါလသျှာ
ဆ။ မင်းရာဇာ (ခေါ်) မင်းလှရာဇာ -  ဣလိသျှာ
ဇ။ မင်းစောအို (ခေါ်) သီရိသူမင်း -  ဇလသျှာ
စ်။ သဇာတမင်း           -  အလီသျှာ
ည။မင်းဘာကြီး(ခေါ်) မင်းဘင်  -  ဇဘောက်သျှာ
ဋ။မင်းဖလောင်း           -  သီကွန်ဒါသျှာ
ဌ။မင်းရာဇာကြီး (ခေါ်) သတိုးဓမ္မရာဇာ-  ဆောလိမ်သျှာ
ဍ။မင်းခမောင်း(ခေါ်)၀ရဓမ္မရာဇာ -  ဥသျှောင်သျှာ

အနောက်ဘုရင် (၉)ပါးစာရင်း

  က။ မင်းစောလှ  -  သီရိသီရိအနောက်ဘုရင်
  ခ။ မင်းညို   -  အီစလန်သျှာ
  ဂ။ သီဟပတိ  -  စူလတန်ဟီလက်သျှာ
  ဃ။ စင်္ကြာဝတေး  -  သီရိသီရိစူလမန်သျှာ
  င။ အနောက်ဘုရင်မင်းရဲ -  စစ်တကောင်းစူလတန်
  စ။ သူပုန်မင်းရဲ  -  ပူဇါပါသျှာ
  ဆ။ သီရိဇေယျနော်ရထာ -  စစ်တကောင်းရာဇာ
  ဇ။ မင်းရဲသီဟသူ  -  နီဇမ်သျှာ
  စ်။ မင်းရဲသင်္ခပ၀ါ -  စစ်တကောင်းမူဘာရက်သျှာ

၇။ မြောက်ဦးဘုရင်တို့သည် သူတို့၏ ဆွေမျိုးရင်းရှာ သားတော်၊ ညီတော်၊ ဦးလေးတော်များကိုသာ အနောက်ဘုရင်အဖြစ် ခန့်ထားလေ့ရှိပါသည်။

၈။ ရခိုင်လူမျိုး၊ ဗုဒ္ဓဘာသာဝင်မဟုတ်လျှင် ရခိုင်ထီးနန်းတွင်သော် လည်းကောင်း၊ ရခိုင်ထီးနန်းလက် အောက်တွင်သော် လည်းကောင်း ရခိုင်ဘုရင် (သို့) အနောက်ဘုရင်ဖြစ်ခွင့် လုံးဝ(လုံးဝ)မရှိပါ။

 အထက်က ဖော်ပြပြီးဖြစ်သော အချက်အလက်များကို ထောက်ရှု လျက် မိုးနှင့်မြေ မည်သည့်အခါမှ ထိရိုးထုံးစံ မရှိသကဲ့သို့ ရခိုင်လူမျိုးများနှင့် ရခိုင်ဘုရင်တို့သည်လည်း မည်သည့် အခါတွင်မှ မူဆလင် မဟုတ်။
 ထို့အတူ ရခိုင်ဘုရင် သဇာတမင်းသည်လည်း မူဆလင်လုံးဝမဟုတ်ဘဲ မြတ်ဗုဒ္ဓ၏ သာသနာတော်ကို အပြည့်အ၀ ချွင်းချက်မရှိ သက်ဝင်ယုံကြည်သော သာသနာပြုမင်းတစ်ပါး သာ ဖြစ်ကြောင်း၊ သဇာတမင်း၏ နှလုံးသွေး ထဲတွင် ဗုဒ္ဓသာသနာတော်၏ အဆီအနှစ်များသာ ပျော်ဝင်စီးဆင်းနေခဲ့ကြောင်း၊ ရခိုင်လူမျိုးများနှင့် ရခိုင်ဘုရင်များသည် အတိတ်၊ ပစ္စုပ္ပါန်နှင့် အနာဂါတ်ကာလတို့တွင် ဗုဒ္ဓသာသနာတော်၌သာ မွေးဖွါး၊ အသက် ရှင်သန်ရပ်တည်နေထိုင်ခဲ့ကြ၊ ရပ်တည်နေထိုင်ကြဆဲ၊ ရပ်တည်နေထိုင်ကြဦးမည်ဖြစ်ကြောင်း၊ လူသားအားလုံး တို့၏ ရှေ့မှောက်သို့ တင်ပြလျက် ဤစာတမ်းကို ထုတ်ပြန်လိုက်ရပါသည်။

                                                      စာတမ်းပြုစုသူ- အာရကံသဇင်
                                                             နေ့စွဲ      ၁၂.၁၂.၁၂

PDF ဖိုင်တွင် ဓာတ်ပုံများနှင့် ရှေးဟောင်းဒဂါင်္းများနှင့် ရှေးဟောင်းစေတီပုထိုးများပုံကို အတူတကွ  သက်သေသကာရများဖြင့်  ထည့်သွင်းထားပါသည်။ 
https://docs.google.com/viewer?a=v&pid=gmail&attid=0.1&thid=13c94c70dd0cf195&mt=application/pdf&url=https://mail.google.com/mail/?ui%3D2%26ik%3Dd52d9383df%26view%3Datt%26th%3D13c94c70dd0cf195%26attid%3D0.1%26disp%3Dsafe%26realattid%3Df_hcn1kn0x0%26zw&sig=AHIEtbTXMiamqDVsIyRbFCRloCBICd65_Q

https://docs.google.com/viewer?a=v&pid=gmail&attid=0.1&thid=13c94c70dd0cf195&mt=application%2Fpdf&url=https%3A%2F%2Fmail.google.com%2Fmail%2F%3Fui%3D2%26ik%3Dd52d9383df%26view%3Datt%26th%3D13c94c70dd0cf195%26attid%3D0.1%26disp%3Dsafe%26realattid%3Df_hcn1kn0x0%26zw&sig=AHIEtbTXMiamqDVsIyRbFCRloCBICd65_Q

No comments: