Monday 25 February 2013

အရှေ့တောင်အာရှဒေသ အယ်ကေဒါကွန်ယက် (ဒေါက်တာ ရိုဟန် ဂုဏ ရတန) = = = (ဘာသာပြန် - ၅)


ဒေါက်တာ ရိုဟန် ဂုဏရတန သည် အကြမ်းဖက်မှု လေ့လာရေး ပါရဂူ ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင် ရှိသော ရိုဟင်ဂျာ ဘင်္ဂလီ အကြမ်းဖက် အုပ်စုများ အပါအ၀င် အစ္စလာမ် အကြမ်းဖက်အုပ်စုများကို အိုစမာ ဘင်လာဒင်၏ အယ်လ်ကေဒါအဖွဲ့က ကွန်ယက်ဖွဲ့ ထိန်းချုပ်ထားသည့် အကြောင်း သူ၏ ဟောပြောချက် ဖြစ်ပါသည်။ ဟောပြောသော နေ့စွဲကို ရှာမတွေ့သေးပါ။ (၂၀၀၃ - ၂၀၀၄)လောက်ကဟု ခန့်မှန်းပါသည်။
[အဆက်]
Al Qaeda’s Network in Southeast Asia
by
Dr. Rohan Gunaratna

အယ်လ်ကေဒါ၏ ကမ္ဘာလွှမ်းခြုံ ထီး

အယ်လ်ကေဒါ ကိုယ်တိုင်မှာ ကမ္ဘာလွှမ်းခြုံ ထီးတစ်လက်ရှိပါတယ်။ အယ်လ်ကေဒါရဲ့ ကမ္ဘာလွှမ်းခြုံထီးရဲ့ နာမည်ကတော့ ဂျူးများနှင့် ခရစ်ယာန် တပ်သားများအား ဆန့်ကျင့်သော ကမ္ဘာ့အစ္စလာမ် တပ်ဦး ဖြစ်ပြီး (၁၉၉၈)ခုနှစ် ဖေဖော်ဝါရီလမှာ ဖန်တီးခဲ့တာပါ။ ဂျူးများနှင့် ခရစ်ယာန် တပ်သားများအား ဆန့်ကျင့်သော ကမ္ဘာ့အစ္စလာမ် တပ်ဦးကို ဖန်တီးတဲ့ ရည်ရွယ်ချက်ကတော့ အိုစမာ ဘင်လာဒင်က အရှေ့အလယ်ပိုင်းက၊ အာဖရိက က၊ အာရှက၊ ပြီးတော့ ကော့ကေးဆပ်ဒေသက တစ်ကွဲတစ်ပြားစီ ဖြစ်နေတဲ့ အစ္စလာမ် အဖွဲ့အစည်းများကို လှုပ်ရှားသက်ဝင်စေမယ်လို့ ခိုင်ခိုင်မြဲမြဲ ယုံကြည်လို့ပါပဲ။ သူက ပေါင်းစည်းထားတဲ့ အားထုတ်မှုကို ရချင်ပါတယ်။ အိုစမာဟာ ဂျီဟတ် လှုပ်ရှားရုန်းကန်မှုရဲ့ ခေါင်းဆောင်ဖြစ်ဖို့ ဘယ်တုံးကမှ စိတ်မ၀င်စားခဲ့ပါဘူး။ အိုစမာဟာ အမြဲတမ်း နောက်ကွယ်ကနေပြီး ထောက်ကူမှုပေးရင်း၊ မဟာဗျူဟာ နဲ့ သဘောတရားရေးရာ ညွှန်ကြားချက်တွေ ပေးရင်း နေခဲ့ပါတယ်။ ဒါဟာ အဲဒီ ပူးပေါင်းလုပ်ဆောင်မှုကို သူ တည်ထောင်နိုင်ဖို့အတွက် အဓိကကျတဲ့ အကြောင်းပဲ ဖြစ်ပါတယ်။
Al Qaeda’s Global Umbrella

Al Qaeda itself had a global umbrella. The name of the al Qaeda global umbrella was the World Islamic Front for Jihad Against the Jews and the Crusaders Organization created in February 1998. The reason the World Islamic Front for Jihad Against the Jews and the Crusaders was created was because Osama bin Laden firmly believed in mobilizing the disparate Islamist organiz- ations in the Middle East, in Asia, in Africa and in the Caucuses. He wanted to have a unified effort. Osama never aspired to be the leader of the jihad struggle. Osama al- ways was in the background giving assist- ance and giving strategic and ideological direction. And that was the principal reason he was able to build that coalition.

အရှေ့တောင်အာရှဒေသမှာ - အရှေ့တောင်အာရှက ခေါင်းဆောင်တွေကလည်း ဒီအတိုင်းလိုက်လုပ်ကြပါတယ်။ ဟမ်ဘာလီဟာ အယ်လ်ကေဒါရဲ့ ရှေ့ပြေးဖြစ်ပါတယ်။ ရာဘစ်တူတယ် မူဂျာဟစ်ဒင် အစည်းအဝေး ကျင်းပပေးတယ်။ အဲဒီ အစည်းအဝေးတွေမှာ ဖိလိပိုင်နိုင်ငံက အမ်အိုင်အယ်လ်အက်ဖ် [မိုရို အစ္စလာမ် လွတ်မြောက်ရေး တပ်ဦး] နဲ့ အေအက်ဂျီ [အဘူဆာယက် အုပ်စု]၊ အင်ဒိုနီးရှား နိုင်ငံက လက်စ်ကာ ဂျန်ဒူလာဟ်၊ ဂျေအိုင် [ဂျမ်မား အစ္စလာမီးယား] နဲ့ ဂျမ်းမား ဆလာဖီးယား တို့ပါဝင်ကြပါတယ်။ မလေးရှား၊ ထိုင်း၊ အင်ဒိုနီးရှား၊ စင်ကာပူနဲ့ ဖိလိပိုင်နိုင်ငံတို့က ဂျေအိုင် ခေါင်းဆောင်တွေ လည်းပဲ အဲဒီ အစည်းအဝေးတက်ကြပါတယ်။ အဲဒီအပြင်ကို ကျွန်တော်တို့ မြင်ရတာက မြန်မာနိုင်ငံက အာရ်အက်စ်အို နဲ့ အာနို တို့က ကိုယ်စားလှယ်တွေ အဲဒီအစည်းအဝေးမှာ ပါဝင်တက်ရောက်တာပဲ ဖြစ်ပါတယ်။
In Southeast Asia, the Southeast Asian leaders also did the same. Hambali was al Qaeda’s point man, convened the Rabitatul Mujahidin meeting, which was partly parti- cipated by representatives from MILF and ASG in the Philippines, Laskar Jundullah from Indonesia, JI, and Jemaah Salafia. Also, JI leaders from Malaysia, Thailand, Indonesia, Singapore and the Philippines participated in that meeting. Other than that, we saw representatives from the RSO and the ARNO from Myanmar, partici- pating in that meeting.

ကျွန်တော်တို့ဟာ ကက်ရှမီးယားမှာ တိုက်ခိုက်နေတဲ့ ပါကစ္စတန်အုပ်စု ဖြစ်တဲ့ လက်ကာ အီ တိုဘာ ဆိုတဲ့ အရှေ့တောင်အာရှ အုပ်စု တစ်ခုဆီက အလည်အပတ် လာပြီး ပါဝင်တက်ရောက်မယ်လို့လည်း မျှော်လင့်ထား ပါတယ်။ ဒါပေမဲ့ အဲဒီ ကိုယ်စားလျယ်ဟာ မလာနိုင်ခဲ့ပါဘူး။ နောက်ပိုင်းမှာ ကျွန်တော်တို့ သိရတာက ဂျေအိုင် အဖွဲ့ဝင်တွေဟာ ကက်ရှမီးယားကိုတောင်မှ လည်ပတ်ပြီးသွားပါပြီ။ ပြောရမယ်ဆိုရင် - ဂျေအိုင် အဖွဲ့ဝင် တစ်ယောက်ဟာ ပါကစ္စတန်နိုင်ငံနဲ့ ကက်ရှမီးယားကို လည်ပတ်ခဲ့ပြီး လက်ရှ်ကာ အီ တိုဘာ ခေါင်းဆောင်တွေနဲ့ အက်ဇတ် ကက်ရှမီးယားနယ်နဲ့ ပါကစ္စတန် နိုင်ငံမှာ ဆွေးနွေးခဲ့ပါတယ်။
We also expected a visit from a Southeast Asian group that is from Lashkar-e-Toeba, a Pakistani group fighting in Kashmir to participate, but this particular representative could not come. And subsequently, we learned that JI members had even visited Kashmir. For instance, a JI member had visited Pakistan and Kashmir and had dis- cussions with the Lashkar-e-Toeba leaders in Azzad Kashmir and in Pakistan.

No comments: