Sunday 23 October 2011

ဟန်ညောင်ဝေ ရှမ်းပြည်ကို ငွေနဲ့ လဲ နေပြီ

ငွေကြေး အရှုပ်တော်ပုံကြောင့် DVB ဒါရိုက်တာ ဟန်ညောင်ဝေ လက်နက်ချပြီတဲ့ လား
နယ်စပ်ဒေသရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် နိုင်ငံရေးအဖွဲ့ အစည်းများကို စုပေါင်းပြီး ဗမာလူမျိုးများနှင့် အဓိက ရန်တိုက်ပေးခဲ့ သူ ဦးဟန်ညောင်ဝေမှာ ENC အဖွဲ့ ကို တည်ထောင်ခဲ့ သူဖြစ်ပြီး ယခုအခါ ရန်ကုန်မြို့ သို့  ပြန်သွားပြီဖြစ်ကြောင်း သိရသည် ။ DVB အသံလွှင့်ဌါနတွင် ငွေကြေးအရှုပ်တော်ပုံ သိန်းသုံးထောင်ကျော် ကိစ္စနှင့် ပတ်သက်ပြီး ဘာမျှ မပတ်သက်သလို နေပြသော်လည်း ဦးဟန်ညောင်ဝေမှာ နောက်ကွယ်က အဓိက ပတ်သက်ပါဝင်သူဟု လူတွေက ခန့် မှန်းထားကြသည်။ လွန်ခဲ့ သော နှစ်က ကာဇစ်စတန်နိုင်ငံတွင် ဘင်္ဂလီမူဆလင် လူမျိုးများက ရိုဟင်ဂျာလူမျိုး ညီလာခံ ပြုလုပ်ရာတွင် သဘာပတိအဖြစ် ကိုယ်စားလှယ်တဦးအနေနှင့် တက်ရောက်ကာ သဘာပတိအဖြစ် တက်ရောက်ခဲ့ ရာ ရခိုင်လူမျိုးများက လူမျိုးရေးရန်သူအဖြစ် အသိအမှတ် ပြုထားခံရသူဖြစ်သည်။ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုး
သားညွန့် ပေါင်းအစိုးရတွင် နိုင်ငံခြားရေးဝန်ကြီး ဆောင်ရွက်ခဲ့ သူ ဦးပီတာလင်းပင်မှာ လက်နက်ချ သွားခဲ့ သည်။ နောက် သင့်ဘ၀မဂ္ဂဇင်းအယ်ဒီတာ လုပ်ခဲ့ သူ VOA သတင်းဋ္ဌါနတွင် သတင်းစီစဉ်လွှင့်ခဲ့ သူ ဦးတင်မောင်သန်း ပြည်တော်ပြန်ပြီးနောက် ယခု ဦးဟန်ညောင်ဝေ ပြန်သွားခြင်းဖြစ်သည်။ ပြည်ပတော်လှန်ရေးအင်အားစုများနှင့် ဒီမိုကရေစီအတိုက်အခံများကြားတွင် မြန်မာနိုင်ငံသို့  ပြန်သွားသူများကို ရန်သူထံတွင် လက်နက်ချသူအဖြစ် သတ်မှတ်ထားရာ ယခုလည်း ဦးဟန်ညောင်ဝေ ပြန်သွားခြင်းမှာ လက်နက်ချခြင်းမှတပါး အခြားမရှိဟု ပြောဆိုနေကြသည်။

နော်ဝေးနိုင်ငံအခြေစိုက် DVB မှာလည်း ယခုလို ဒါရိုက်တာတဦး ဖြစ်သူ ဦးဟန်ညောင်ဝေအား ဆက်လက်ခန့် ထားခြင်းများ ပြုလုပ်မည်ဆိုပါက ဒီမိုကရေစီအတိုက်အခံ အဖွဲ့ အစည်းများက လုံးဝလက်မခံကြောင်း ကြေညာချက်များ ထုတ်ပြန်ကြမည်ဟု သိရသည်။ ပြည်ပနိုင်ငံခြားတွင် နိုင်ငံရေးခေါင်းဆောင် တဦးအဖြစ် လုပ်ကိုင်နေသူက နိုင်ငံရေးအကျဉ်းသားများ မလွပ်မြောက်ဘဲ ယခုလို သမတဦးသိန်းစိန်အစိုးရနှင့် အပေးအယူ ပြုလုပ်ပြီး သွားရောက်ခြင်းကို ဒီမိုကရေစီအင်အားစုများက လက်မခံကြောင်း ပြောဆိုနေကြသည်။ ဟန်ညောင်ဝေ သည် ရှမ်း ပြည်နယ်ထူထောင်ရေး ကြွေးကြော်ခဲ့သော်လည်း ရှမ်းလူမျိုးများ အကြီးအကျယ်ဒုက္ခရောက်နေချိန်
တွင် ရန်သူထံ သွားရောက် ခဲ့ခြင်းမှာ ရှမ်းပြည်ကို ငွေနဲ့ လဲ တော့ပြီလားဟု နယ်စပ်ဒေသရှိ
ရှမ်း တိုင်းရှင်းသားညီနောင်များက စိုး၇ိမ်ပူပန်လျက်ရှိကြသည်။

ခွန်ထွန်းစိန်

No comments: