Monday 3 October 2011

သူခိုးလက်သူဝှက်လု



ဒီမိုကရေစီအင်အားစုများအတွင်း အိမ်တွင်းသန့်ရှင်းရေး(Our Own House cleaning) လိုအပ်နေပြီဖြစ်ကြောင်း DVB ၏ အတွင်းရေးအကျင့်ပျက်မှုကြီးကမီးမောင်းထိုးပြနေပါသည်။ အမှန်တော့သူဝှက်ကြီးဟန်ညောင်ဝေ၊ ခင်မောင်ဝင်းတို့က သူခိုးလေး များကို လက်ညှိုးထိုးနံမည်ကောင်းယူပြီးဂုဏ်သရေရှိရှိဆက်ခိုးကြဘို့သာရှိပေသည်။
မြန်မာ့ဒီမိုကရေစီတော်လှန်ရေးသည်တော်လှန်ရေးကိုဘန်းပြလုပ်စားနေသူများအတွက် “ဂွင် ကြီး” ပင်ဖြစ်သည်။ ဟန်းညောင်ဝေသည် NCGUB စင်တော်မှကောက်တင်လိုက်သဖြင့်အရှင်မွေးနေ့ခြင်းကြီးဆိုသလိုဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စားလှယ်ဘဝဖြင့် proposal တင်ပြီး NCGUB နှင့်ယူရို သန်းပေါင်းများစွာကိုဝေစားမျှစားလုပ်စားနေခဲ့သော် လည်းယ္ခုပြောနေသည့် Transparency ဆိုသည့်စကားထိုအချိန်ကမကြားခဲ့ရချေ။ ဥရောပတခုလုံးဆိုင်ရာ နာဂုတ်ကိုယ်စား လှယ်ဘဝဖြင့်သူ၏သားသမီးများကိုအလွန်ဈေးကြီးသော Switzerland နိုင်ငံတွင်ကျောင်းထားနိုင်ခဲ့သည်။ နောက်ပိုင်း ကျေးဇူး ရှင်နာဂုတ်ကြီးကိုသစ္စာဖေါက် ၍ ဥရောပထောက်ပံ့ငွေဖြင့် တိုင်းရင်းသားလူမျိုးစုများကောင်စီ Ethnic Nationalities Council (ENC) ကိုဦးစီး ခေါင်း ဆောင်လုပ်ပြီးဗမာနှင့်တိုင်းရင်းသားများကိုသွေးခွဲ၍ခေါင်းဆောင်လုပ် ရန်အတင့်ရဲစွာကြိုးစားလာခဲ့ပြီး NCGUB နှင့်လမ်း ခွဲသွားခဲ့ပြန်သည်။
သို့ရာတွင် နိုင်ငံခြားငွေထောက်ပံ့သူများကိုစံနစ်တကျစာရင်းလိမ်ပြနိုင်မှုကြောင့် (ဘယ်လောက်ရတယ်၊ ဘယ်လိုသုံး စွဲတယ်ဆိုတာမြန်မာပြည်သားတွေ ကိုတော့ချမပြရဲဘူး၊ ပေါ်ကုန်မှာစိုးလို့။ ဒီနေရာမှာမှတ်သားလောက်စရာ NCGUB ခေါင်းရှောင်ကြီးဦးစိန်ဝင်းပြောကြားခဲ့တဲ့ သမိုင်းဝင်စကားလေးကိုမျှဝေပါရစေ။ ဦးစိန်ဝင်းကိုငွေဘယ်လောက်ရ သလဲ ဘယ်လိုသုံးစွဲသလဲ လို့မေးတဲ့အခါ ဒေါသနဲ့ မေးတဲလူငယ်ကို “ မင်းတို့ကိုဘာ လို့ပြောရ မှာလဲ၊ မင်းတို့က ငါ့ကို အခွန် ပေးနေလို့လား? အစိုးရဆိုတာအခွန်ပေးတဲ့သူကို ဘဲရှင်းပြတယ်ကွ၊ ငါတို့ကို ပိုက် ဆံပေးတဲ့NGO တွေကို ဘဲရှင်းပြ နိုင်မယ်” ဟုကျွန်တော့ ရှေ့တွင်ပြောခဲ့ဘူးသဖြင့်တအံ့တသြနားထောင်ခဲ့ရဘူးသည်။) ဟန်ညောင်ဝေသည်ဆက် လက်ထောက်ပံ့ငွေများရရှိခဲ့သော်လည်း NCGUB မှာမူဘာတိုးတက်မှုမှမပြနိုင်ဘဲဝင်ငွေများ ကျဆင်းသွားခဲ့ သည်။ စားဘို့လေး ကိုပေးနေသေးသဖြင့်နာဂုတ်အဖွဲ့ကိုအလုပ်မဖြစ်သော်လည်း မဖြုတ်ဘဲမှေးစား နေ ဆဲပါ။ တဖက်တွင်လည်းဟန်ညောင် သည် ENC ကိုတည်ထောင်၍တိုင်းရင်းသားတော်လှန်ရေးသမားများကိုဆွဲစား ခြင်းဖြင့်တစင်ထောင်ပြီးယူရိုငွေကိုဖေါဖေါသီသီသုံးရင်းတိုင်းရင်းသားခေါင်းဆောင်များ၏နောက်ကွယ်မှစီမံခန့်ခွဲသူဖြစ်လာခဲ့သည်။ အီးယူEuropean Union ရှိအစိုး ရများက အလျော့ပေးပူးပေါင်းခြင်းအတွေးအခေါ် (compromise) ကိုပြော လာ သောအခါ စီးပွါးရေးပိတ်ဆို့မှု (sanction) ကို တောက်လျှောက် အော် လာသောဟန်ညောင်ဝေကနအဖကိုဆန့်ကျင် နေခြင်းမှစီးပွါးရေးဖွင့်ပေးဘို့လိုတယ်ဆိုပြီးပြောင်းလဲအော်ခါ နေဝင်းမောင် ၊ ခင်ဇော်ဝင်း၊ပြည်တွင်းအင်ဂျီအိုတွေဖိတ်ပြီး စားကွက်ကိုထွင်လိုက်ပြန်ပါတယ်။ အော် အခုတခါ DVB ရဲ့ယာယီဦးဆောင်ညွှန်ကြား ရေးမှူးတာဝန်ယူလိုက်ရတော့ “တာတီးတို့ဗိုက်ခွေးနမ်းတဲ့ကိန်းဆိုက်ပြန်ပြီပေါ့” ။ DVB မှာသူနဲ့စည်းဝါးကိုက် လို့ရမယ့် သူတွေကို၊ ခင်မောင်ဝင်း လူမွေးသလို ထည့်သွင်းလာတာမြင်ရအုံးမယ်၊ အဓိကမဲဆောက်ရုံးကလူတွေကိုဖြုတ်ဖို့လုပ်ပြီးရင်၊ အဲဒီလူတွေရဲ့ နေရာမှာ ဟန်ညောင်ဝေနဲ့ သဟဇာတဖြစ်တဲ့ တိုင်းရင်းသားတွေပါလာဖို့ များတယ်။
DVB ကို NCGUB က မင်းသမီး စခန်းမှရဲဘော် ခင်မောင်ဝင်းကို ဒုတိယ အုပ်ချုပ်ရေးမူးခန့် ပြီးတော့ လွှတ်လိုက်တဲ့အခါ ခင်မောင်ဝင်းက သူနဲ့ဆွေမျိုးနီးစပ်တော်တဲ့လူတွေကို စိတ်ကြိုက်ဆွဲ့ ခန့် ခဲ့တဲ့အတွက် DVB အသံလွှင့် ဋ္ဌာနဟာ ဗမာစကား မပီကလာပီကလာ ပြောတတ်တဲ့ လူတွေရဲ့ အသံလွှမ်းနေခဲ့တယ် ဗမာလိုပီပီသသ ပြောနိုင်တဲ့လူတွေ ကိုမရွေးပဲ ခင်မောင်ဝင်းရဲ့ ဂိုဏ်းဂဏတည်ထောင်မှုကြောင့်ပြည်တွင်းပြည်ပကနေ DVB မှာဗမာလိုပီအောင်ပြောတတ်တဲ့ လူမရှိတော့ ဘူး လားဟုလှောင်ပြောင်ခြင်းကိုခံခဲ့ရတယ်။DVB ဟာအဲဒီကထဲကစည်းကမ်းတကျ အရည်အချင်း ရှိသူတွေနဲ့မဖွဲ့စည်း ဘဲနီးစပ်ရာဆွဲခန့်၊ BBC, VOA, RFA တို့လိုအရည်အချင်းစစ်တာ၊ အသံစစ်တာ၊ပညာအရည်အချင်းစစ်တာ တွေမရှိ ဘဲ ငါ့စကားနားထောင် မဲ့ငါ့လူဖြစ်ဘို့ကအဓိကဖြစ်နေခဲ့တယ်။ ပင်တိုင်ဆောင်းပါးရှင် နိုင်ငံကျော် စာရေးဆရာကြီး( ကြေး မုံဦးသောင်း)က ညွန့်ပေါင်းအစိုးရကို ဝေဖန်တဲ့အတွက် ဆရာကြီးကို လွတ်လပ်တဲ့ ဒီမိုကရက်တစ် မြန်မာ့ အသံလို့ ခံယူထားတဲ့ DVBက ဆင်ဆာလုပ်ပြီးအသံလွှင့်ခွှင့်ပိတ်လိုက်တယ်။ ဒီအကြောင်းကို ဆရာကြီးကိုယ်တိုင် ကျနော့်ကို ရင်ဖွင့်ခဲ့တာပါ၊ ဒါကို ဖလော်ရီဒါမှာ အခုရှိနေတဲ့ ဆရာကြီးရဲ့ ဇနီးဖြစ်သူကိုလည်းမေးကြည့်နိုင်ပါတယ်။
ခင်မောင်ဝင်းဟာ A.B.S.D.F ဒုတိယ အကြိမ်ညီလာခံမှာ ပြန်ကြားရေး ဋ္ဌာနအတွင်းရေးမှုးအဖြစ် ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်ဖြစ်ပါလာတယ်။ ညီလာခံအပြီးမှာ ၊ ညီလာခံမှတ်တမ်းမှတ်ရာ၊ဓါတ်ပုံ၊ အသံဖမ်းတိပ်ခွေများ၊ ဗဟိုကော် မတီဟောင်းမှလွှဲပြောင်း သောမှတ် တမ်းလက်ခံများကို သေတ္တာ တစ်ခုတွင် သိမ်းဆည်းရင်း "ဒီဟာတွေက ၊ ရွှေတွေဗျ၊ ရွှေတွေ တချိန်ကျရင် ရွှေဖြစ်မှာ" လို့ ဝမ်းသာအားရ ကြွေးကြော်ခဲ့ဘူးတယ် (တနေ့ဒါတွေကိုရောင်းစားရင်ဖြစ်ဖြစ်ထုတ်ဝေရင်ဖြစ်ဖြစ်ငွေအမြောက်အများရနိုင်မယ်ဆိုတဲ့သဘောပေါ့)။
ခင်မောင်ဝင်းဟာ ABSDF ပြန်ကြားရေးတာဝန်ခံအဖြစ် ဘာတခုမှ ထိထိရောက်ရောက် မလုပ်နိုင်ခဲ့ပဲ (မင်းကြီး)အောင်သန်း (ကွယ်လွန်)အကူအညီနဲ့ ကျနော်ရေးသားတဲ့ ဖိလစ်ပိုင်ရွေးကောက်ပွဲ၊ နီကာရာဂွါရွေးကောက်ပွဲ၊ အာဏာရှင်၏ နောက်ဆုံး နေ့များ ဆောင်းပါးသုံးပုဒ်ကို ထုတ်ဖို့တောင်းလို့ရတဲ့ ကူငွေနဲ့ ABSDF ပြန်ကြားရေးဌာနမှ ထုတ်ဝေသည်ဟု အမည်တပ်ပြီး ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင် ပြည်တွင်းကို ရွေးကောက်ပွဲအကြိုအဖြစ် ထုတ်ဝေဖြန့်ဖြူးခဲ့တာကို ABSDF ဗဟိုကော်မီတီ အစည်းအဝေးမှာ ပြန်ကြားရေး ဌာန နာမည်ခံထားတဲ့အတွက် သူလုပ်တာပါလို့ကျွန်တော့ရှေ့မှာ မျက်နှာပြောင်တိုက် ပြောရဲခဲ့သူဖြစ်တယ်။ ခင်မောင်ဝင်းရဲ့မသမာမှုက သူရဲ့ရဲဘော်ရဲဘက်တစခန်းထဲမှာ နေခဲ့တဲ့စာရေးအားကောင်း၊ လေ့လာ အား လဲ ကောင်းတဲ့ ထက်အောင်ကျော်(ဝင်းထိန်) ကိုDVB ကနေဘတ်ဂျက်နဲတာကိုအကြောင်းပြပြီးဖြုတ်ပြစ်လိုက် တာဘဲဖြစ်တယ်၊ ရှားရှားပါးပါးတော်လှန်ရေးထဲကအင်္ဂလိပ်၊ မြန်မာနှစ်ဘာသာလုံးနဲ့ဆောင်းပါးတွေရေးနိုင်သားနိုင်တဲ့၊ ရေးသားနေတဲ့ သူကို ဘာ့ကြောင့်ထုတ်ပြစ်ရသလဲ?။ ခင်မောင်ဝင်းမှာဒီလိုအရည်အချင်းမရှိဘူး ၊ဆောင်းပါးမရေး နိုင်ဘူး ထားဝယ်သားချင်းအတူ တူသူမဟုတ်တာ လုပ် တာ ကိုသိနေလို့မပေါ်အောင်စောစောရှင်းလိုက်တာလား?။ မေးစရာရှိ တယ်။ တော်လို့အရည်အချင်း ရှိလို့ရောက်လာတာမဟုတ်ဘဲ NCGUB ကလူယုံအဖြစ်မွေးလိုက်လို့ နေ့ချင်းညချင်း အုပ်ချုပ် ရေးမှူးဖြစ်လာသူဖြစ်တယ်။
မိုးသီး နိုင်အောင် နှစ်ခြမ်းကွဲတဲ့အခါ နိုင်အောင်ဖက်မှာ ရပ်တည်ပြီး ကိုမိုးသီးကို အစွမ်းကုန် မုန်းတီးခဲ့သူ ဖြစ်တယ်။ ဒါကြောင့် DVB မှာ တွဲဘက် အုပ်ချုပ်ရေးမှူး ရာထူးရတော့ ကိုမိုးသီးကို ဆင်ဆာလုပ်ပြီး ပိတ်ပင်တားမြစ်ထား တယ်။ ABSDF မှာ တာဝန်ထမ်းဆောင်နေစဉ် ABSDF အပြင် မြန်မာနိုင်ငံရှေ့နေများကောင်စီ အဖွဲ့ဝင် အဖြစ်လည်း ပါဝင်ခဲ့ပြီး နှစ်ဘက်ခွ လုပ်စားနေခဲ့သူဖြစ်တယ်။ ဒါကြောင့် DVB မှာ ခင်မောင်ဝင်းရောက်ရှိသွား ခြင်းဟာ ကိုယ်ကျိုးစီးပွား ရှာဖို့အတွက် စားပေါက်ကြီးပွင့်သွားတာနဲ့ အတူတူပါပဲ။ DVB ကို ဦးစိန်ဝင်းနဲ့ ညှိပြီး သူ့လူ ခင်မောင်ဝင်းကို ပို့ခဲ့သူဟာ နကုတ်အဖွဲ့ကြီးက ဒေါက်တာသောင်းထွန်းဖြစ်တယ်။ ဒေါက်တာသောင်း ထွန်းဟာ ယခု ဗဟုအဖွဲ့ခေါင်းဆောင် ဒေါက်တာဇော်ဦးကိုလည်း NCGUB ရဲ့ အတွင်းလူအဖြစ် စည်းရုံးသိမ်း သွင်းပြီး ဘားမားဖန် (Burma Fund) ရဲ့ ဦးဆောင် ညွန်ကြားရေးမှူးရာထူးကို ပေးခဲ့တာလည်း ဒေါက်တာသောင်းထွန်းပဲဖြစ် တယ်။ ဒါဆိုရင် ဒီမိုကရေစီ အဝန်းအဝိုင်းထဲမှာ ဒေါက်တာသောင်းထွန်း ချယ်လှယ်ပြီး နေရာချထားပေးခဲ့သူတွေ ဟာ ဒီနေ့ ဒီချိန်မှာ ဘယ်လောက်ဖောက်ပြန်နေတဲ့ သူတွေဖြစ်တယ်ဆိုတာကိုမီးမောင်းထိုးပြနေပြီဖြစ်တယ်။ NCGUBဟာအတ္တကြီးကြီးနဲ့တကယ်စိတ်ဓါတ်ရှိသူတွေကို မရွေး ဘဲအရည်အချင်းမရှိတဲ့အနားပြာတွေကို အဟုတ်ထင်ရွေးလိုက်တဲ့အတွက်ပြည်ပတော်လှန်ရေးကြီးတခုလုံးကျဆုံးနေခဲ့တာ ဖြစ် တယ်ဆိုရင် မမှားဘူး။
DVB အကျင့်ပျက် ချစားမှုဟာ ထိပ်ပိုင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ အေးချမ်းနိုင်နဲ့ ခင်မောင်ဝင်းတို့မှာ တာဝန် ရှိသလို သူတို့ကို အာမခံပေးတဲ့ NCGUB နဲ့ ဒေါက်တာသောင်းထွန်းတို့မှာလည်း တာဝန်ရှိတယ်။ ဒါကြောင့် ဒီလူတွေအားလုံးဟာ ဒီမိုကရေစီအဝန်းအဝိုင်းကနေ ခေါင်းဆောင်မှု ယူထားခြင်းမှ နှုတ်ထွက်ပေးသင့်တယ် လို့မြင်တယ်။ ယာယီနှုတ်ထွက်ထားပြီး ပြန်လည်တာဝန်ပေးခြင်းမျိုး မရှိသင့်တော့ဘူး။ လူသစ်စိတ်သစ်နဲ့ တကယ်ရိုးသားဖြောင့်မတ် သူတွေကို DVB မှာ မြင်ရဘို့ လိုတယ်။
ဟန်ညောင်ဝေဟာလည်း DVB ရဲ့ ယာယီညွန် ကြားရေးမှူးတာဝန်နဲ့ ထိုက်တန် တဲ့လူမဟုတ်ဘူး။ သူ့ကိုယ်ကျိုးစီး ပွားအတွက် ဗမာနဲ့ တိုင်းရင်းသားတွေကို သွေးခွဲဖို့ ကြိုးစားနေတဲ့သူဖြစ်သလို ခံယူ ချက်မရှိဘဲ ပုတ်သင်ညို အရောင် ပြောင်းသလို မိမိစားပေါက်ရဘို့ကိုသာ အတ္တကြီးစွာ လုပ်ဆောင်နေတဲ့သူ ဖြစ်တဲ့အတွက် အားလုံးက စာရေးသားပြီး ဟန်ညောင်ဝေကို DVB ညွန် ကြားရေးမှူးအနေနဲ့ယာယီတောင် တာဝန်မပေးသင့်ဘူးလို့ ရေးသားကန့်ကွက်ကြဖို့ လိုတယ်။
နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ DVB ဟာ ကြားနေအသံလွှင့် အဖွဲ့အစည်း ဖြစ်တယ်ဆိုတဲ့လူပါးဝစကား ဘဲဖြစ်တယ်၊ ဒီစကားကိုပြောပြီးဒီမိုကရေစီအင်အား စုဖက်လဲမ လိုက်ဘူး၊ စစ်အစိုးရဖက် လဲမလိုက်ဘူးကြားနေမယ် ဆိုတာတော်လှန်ရေးလုပ်နေတဲ့သူတွေအားလုံးကိုစော်ကားလိုက်ပြီးပုဆိုးလှန်ပြလိုက် သလိုပါဘဲ၊ တော်လှန် ရေးအဖွဲ့အစည်းထဲမှာပါလို့ တော်လှန်ရေး အကျိုးအတွက်ခန့်လိုက်တာကို အခွင့် ကောင်း ယူပြီး သူတို့ကိုယ်သူတို့ ဝါရင့်သတင်းဆရာကြီးများ (Professional Journalists) ဖြစ်သွားပြီဆို တဲ့အမူအ ကျင့် ဟာဘာကိုပြသလဲ ဆိုတော့ ဘဝ မေ့တာ၊ ငါတို့ဘယ်သူ့ကိုမှဂရုစိုက်စရာမလိုတော့ဘူးဆိုတဲ့တော်လှန်ရေး ကိုကျေးဇူး ကန်း တဲ့စိတ်၊ ဘဝင်မြင့်နေ တာ အောက်ခြေလွတ်နေတာကိုပြတာဘဲဖြစ်တယ်။ ဆောင်းပါးကောင်းတပုဒ်တလေတောင် မရေးတတ်တဲ့အုပ်ချုပ်ရေးမှူးဆိုတဲ့ သူတွေကသူတို့ကိုယ်သူတို့ဝါရင့်ဂျာနယ်လစ်ကြီးများအဖြစ်သတ်မှတ်ပြီး “ကြားနေမယ်ဆိုတာဟာဒီမိုကရေစီတော်လှန်ရေးအိမ်ဦးခန်းကိုချီးတက်ပါဘဲ” အင်မတန်စော်ကားတဲ့လုပ်ရပ်လို့မြင်တယ်။ တနည်းပြောရရင်ဒီမိုကရေစီတော်လှန်ရေး ကြီးတခု လုံးကိုခုတုံးလုပ်ပြီးငါတို့ ကိုယ်ကျိုးရှာတော့မယ်လို့မျက်နှာပြောင်တိုက်ပြောလိုက်တာဘဲ။ သူတို့ရဲကြားနေမယ် ဆိုတာဆိတ်လစေ့လိုအချောင်နေပြီး ဖက်ကပ်လိုက်ဒီဖက်ကပ်လိုက်နေသာသလို အနာမခံအမုန်းမခံဘဲခွစားနေမယ်ဆို တဲ့စိတ်ဘဲ။ ငယ်ငယ်ထဲကပါလာတဲ့ စိတ်ဆိုတော့ငယ်ပါစိတ်လို့ခေါ်တယ်။ ရွံ့ရှာစရာကောင်းတဲ့စိတ်ဓါတ်တွေပါဘဲ။
အချုပ်အားဖြင့်သူခိုးလက်မှသူဝှက်လုခြင်းသည်ဒီဗီဘီအတွက်ဘာတိုးတက်ပြောင်းလဲမှုမှမရှိနိင်ချေ။ လူကောင်းတွေတကယ်ရွေးနိုင်ဘို့လိုသည်။ တကယ်မျိုးချစ်စိတ်ထက်သန်တဲ့သူတွေပါဘို့လိုသည်။ ကြိတ်စားခြင်းမဟုတ်ဘဲ သုံးစွဲမှုမှန်သမျှကိုဒိုးယိုပေါက်ထင်သာမြင်သာ (Transperency) ရှိဘို့လိုပါသည်။

တော်လှန်ရေးသစ္စာဖြင့်
ထွန်းအောင်ကျော်

မှတ်ချက်။ DVBကိစ္စကို ကိုင်တွယ်နေသောဘုတ်ဒါရိုက်တာမစ္စတာ Mr. Harald Bockman ကိုဖုံးဆက်ကြပါ။အီးမေး ပို့ကြပါ။
Mr. Harald Bockman, Board Chairman, Tel +47 9414 38 38.

No comments: