Wednesday, 22 December 2010

"Birds of Passage";Migration of South Indian Labour

By: Adapa Satyanarayana
http://iish.nl/clara/publicat/clara11.pdf

Saturday, 14 August 2010

Wednesday, 28 July 2010

Religion in Burma

Religion in Burma
religion
Buddhism 89%
Christianity 4%
Islam 4%
Others including Animism and Chinese folk religion 2%
Hinduism 1%

Ethnic Composition in Burma

Ethnic Composition in Burma
ethnic group or race
Bamar 68%
Shan 9%
Kayin 7%
Other groups 4.5%
Rakhine 3.5%
Chinese 2.5%
Mon 2%
Kachin 1.5%
Indians 1.25%
Kayah 0.75%

Tuesday, 27 July 2010

Wednesday, 9 June 2010

မလေးရှားရောက် ရခိုင်များ UNHCR ကို ဆန္ဒပြ ( Irrawaddy)

ဘစောတင် Monday, June 07, 2010


မလေးရှားနိုင်ငံရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) သည် မြန်မာ တိုင်းရင်းသားချင်း တူသော်လည်း ရခိုင်နှင့် ဗမာများကို ဒုက္ခသည်အဖြစ် အသိအမှတ် မပြုသောကြောင့် ရခိုင်ဒုက္ခသည်များက ယနေ့နံနက် ၈ နာရီ မှစ၍ ဆန္ဒ ပြခဲ့ကြောင်း သတင်းရရှိသည်။

မလေးရှား UNHCR သည် ချင်း၊ မွန်၊ ကချင်စသော တခြား မြန်မာတိုင်းရင်းသားများကို ဒုက္ခသည်များ အဖြစ် အသိအမှတ် ပြုသော်လည်း ရခိုင်နှင့် ဗမာလူမျိုး ၂ မျိုးကို ချန်လှပ်ထားသည့်အပေါ် မကျေနပ်သဖြင့် ယခုကဲ့သို့ ဆန္ဒပြရကြောင်း သိရသည်။

ယနေ့ ဆန္ဒပြရာတွင် ဦးဆောင်ပါဝင်သူ ကိုညီချေက “တခြားလူမျိုးတွေကို လူဦးရေ ထောင်နဲ့၊ သောင်းနဲ့ ချီပြီး ဒုက္ခသည်အဖြစ် အသိအမှတ်ပြုပေမယ့်လည်း ကျနော်တို့ကျတော့ ဘာလို့ ခွဲခြားဆက်ဆံရတာလဲ။ ဒါကို သိချင်လို့ ဒီနေ့ ဆန္ဒသွားပြကြတာ” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်နှင့် ဗမာများကို မလေးရှား UNHCR က လျစ်လျူရှုထားသည်မှာ နှစ်အတန်ကြာပြီဖြစ်ပြီး ၂၀၀၉ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်အတွင်း ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်ပင် မပေးကြောင်း သိရသည်။

ထို့အပြင် မလေးရှား ထိန်းသိမ်းရေး စခန်းများအတွင်းရှိ အဖမ်းဆီးခံများ၊ ထောင်ကျနေသူများကိုပင် အကူအညီ မပေးတော့ကြောင်း ဆန္ဒပြသူ ကိုအာနိုးကပြောသည်။

“မလေးရှားမှာ ဖမ်းလို့ ထောင်တွေ၊ Camp တွေမှာ ထိန်းသိမ်းခံရပြီဆိုရင် UN က လာပြီး အကူအညီ ပေးလေ့ရှိတယ်။ တခြား တိုင်းရင်းသားတွေဆိုရင် UN ၀င်ခွင့်ရအောင် လုပ်ပေးကြတယ်။ ကျနော်တို့ကျတော့ လာတောင်မတွေ့တာများတယ်။ ကျနော်တို့လည်း တခြား တိုင်းရင်းသားတွေလိုပဲ စစ်အစိုးရရဲ့ မတရား ဖိနှိပ်မှုကို ခံနေရတဲ့သူတွေပဲ။ ဒီလို ခွဲခြားခံရတာကတော့ မကောင်းဘူးထင်လို့ ဒီနေ့ ဆန္ဒ၀င်ပြတာ” ဟု သူက ဆက်ပြောသည်။

မလေးရှားရှိ UNHCR သည် မြန်မာတိုင်းရင်းသားများအကြားတွင် လူမျိုးရေး ခွဲခြားရုံမက ဘာသာရေးအရပါ ခွဲခြားဆက်ဆံမှု ပြုလုပ်နေသည်ဟု ဗမာဒုက္ခသည် ကယ်ဆယ်ရေးအသင်း (BRO) မှ ဥက္ကဌ ဦးမောင်လှက ပြောသည်။

“ကျနော် သိထားသလောက် ပြောရရင် သူတို့က တိုင်းရင်းသားတွေကို ဦးစားပေးတယ် ဆိုပေမယ့် တကယ်က သူတို့စိတ်ထဲက မကြိုက်တဲ့ လူကို မပေးဘူးဗျ။ မှန်တာပြောတဲ့ လူကိုဆို မပေးဘူး။ နောက်တခုက ဘာသာရေး ခွဲခြားမှုရှိတယ်။ UNHCR အရာရှိ ကိုယ်တိုင် ပါးစပ်ကထုတ်ပြောတာ။ Camp ထဲမှာရော၊ ထောင်ထဲမှာပါ ပြောတယ်။ မင်းတို့ က ဗုဒ္ဓဘာသာတွေ၊ မင်းတို့က့ မြန်မာပြည်ကို ပြန်လို့ရတယ်၊ မင်းတို့ကို မပေးဘူးလို့ကိုပြောတာ” ဟုသူက ဆိုသည်။

သို့သော် တချို့သော ဗမာနှင့် ရခိုင်တိုင်းရင်းသားများသည် တခြားတိုင်းရင်းသား အဖွဲ့ အစည်းများသို့ ငွေပေးဝင်ရောက်ကာ UNHCR သို့ လျှောက်ထားပါက ဗုဒ္ဓဘာသာ ဖြစ်သော်လည်း လက်ခံသည်ကို တွေ့ ရှိရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“မလေးရှား UN က အခုနောက်ပိုင်း ရခိုင်ကို မပေးတာက ရခိုင်ဟာ ဗမာနဲ့ ဗုဒ္ဓဘာသာဝင် ချင်းလည်းတူတယ်၊ ရုပ်ရည် လက္ခဏာလည်း သိပ်ကွာဟမှုမရှိဘူးလို့ ပြောတယ်” ဟု ကွာလာလမ်ပူ အခြေစိုက် ရခိုင်ဒုက္ခသည် မဟာမိတ်များ အဖွဲ့ချုပ် AAR မှ ဒုဥက္ကဌ ကိုခိုင်ထက်နိုင်က ပြောသည်။

ယင်းသို့ ခွဲခြားဆက်ဆံခံနေခြင်းကို မီးမောင်းထိုးပြသည့် အနေဖြင့် ဗမာဒုက္ခသည် ကယ်ဆယ်ရေးအသင်း BRO က “ဒုက္ခသည်အခွင့်အရေး လက်စွဲ” အမည်ရှိ စာအုပ်တအုပ်ကို မကြာမီ ဖြန့်ဝေသွားရန် စီစဉ်နေကြောင်း သိရသည်။

အဆိုပါ စာအုပ်နှင့်ပတ်သက်၍ ရေးသားပြုစုသူ ဘလော့ဂါ ကိုအလင်းဆက်က “လူတွေက ဒုက္ခသည်ဆိုတာ ဘာကိုဆိုလိုတာလဲ၊ ဘယ်လိုလူတွေဟာ ဒုက္ခသည် လျှောက်ထားခွင့်ရှိသလဲ ဆိုတာတောင် ကျကျနန နားမလည်ကြဘူး။ တကယ်လို့ ဒီစာအုပ်ကို လူတွေက ဖတ်ကြမယ်ဆိုရင် UNHCR က ခွဲခြား ဆက်ဆံရင်တောင် ကိုယ့်အခွင့်အရေးကို ကိုယ်တိုင် တောင်းတတ်လာမယ်။ ဒီစာအုပ်ရဲ့မူရင်းကလည်း UNHCR ကိုယ်တိုင် တကမ္ဘာလုံးကို ဖြန့်ချိထားတဲ့ Protecting Refugee Question and Answer စာအုပ်ကို ဘာသာပြန်ထားတာပါ။ အဲဒီစာအုပ်ထဲမှာမှ မလေးမှာ ခွဲခြားမှုရှိတာတချို့ကို ထည့်သွင်းဖော်ပြထားတာပါ´ ဟု ရှင်းပြသည်။

ယနေ့နံနက်ပိုင်းက ဆန္ဒပြရာသို့ ကိုယ်ဝန်ဆောင်များ အပါအ၀င် ရခိုင်တိုင်းရင်းသား ၆၀ ၀န်းကျင်ခန့်တို့ လာရောက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

ရခိုင်ဒုက္ခသည် မဟာမိတ်များ အဖွဲ့ ချုပ် ဒုဥက္ကဌ ကိုခိုင်ထက်နိုင်၏ ပြောပြချက်အရ မလေးရှားနိုင်ငံတွင် UNHCR ရရှိပြီးသား ဒုက္ခသည် ၁၀၀၀ ကျော်ခန့်ရှိပြီး လျှောက်ထားလိုသူ ၂၀၀၀၀ ခန့်ရှိကြောင်းသိရသည်။

မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသား သိန်းနှင့်ချီ၍ နည်းမျိုးစုံဖြင့် ခိုလှုံနေထိုင်ကာ အလုပ်လုပ်လျှက်ရှိသည်။

လူမျိုးရေး မခွဲခြားရန် ဒုက္ခသည်ရုံးကို ဆန္ဒပြ (by Mizzima)

နယူးဒေလီ (မဇ္ဈိမ) ။ ။ မလေးရှားရောက် ရခိုင်လူမျိုး ဦးရေ ၅ဝ ကျော်သည် လူမျိုးရေး ခွဲခြားဆက်ဆံခြင်း မပြုဘဲ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရန်အတွက် မြို့တော်ကွာလာလမ်ပူရှိ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR သို့ ယမန်နေ့ နံနက်ပိုင်းတွင် သွားရောက်ဆန္ဒပြခဲ့သည်။

မလေးရှားရောက် ရခိုင်ဒုက္ခသည်များအား UNHCR က အသိအမှတ်ပြု ကူညီစောင့်ရှောက်ရန်၊ မလေးရှား အကျဉ်းထောင်နှင့် ထိန်းသိမ်းရေး စခန်းများရှိ အထိန်းသိမ်းခံ ရခိုင်များအား UNHCR က ကူညီဖြေရှင်းပေးရန်နှင့် UNHCR ရုံးတွင် ရခိုင်ဘာသာပြန် ထားရှိရန်ဟူသည့် အချက် ၃ ချက်ကို ဆန္ဒပြသူများက တောင်းဆိုခဲ့ကြသည်။

“ကျန်တဲ့ တိုင်းရင်းသားတွေကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုတယ်။ UN က ခွဲခြားဆက်ဆံလို့ ဆန္ဒသွားပြကြတာ။ ပြီးတော့ ထောင်တွေနဲ့ camp တွေမှာဆိုလည်း UN က မကြည့်ပေးဘူးဗျ။ လာကြည့်ရင် ရခိုင်ဆိုရင် ချန်ထားခဲ့တယ်။ ကျန်တဲ့ လူမျိုးဆိုရင် pass ပေးလိုက်တယ်။ နောက်တချက်က ကျနော်တို့ ရခိုင်လူမျိုး ဘာသာပြန် လျှောက်တော့လည်း မခန့်ဘူးဗျာ။ အဲဒီအတွက် ကျနော်တို့ ကိုယ့်စကားနဲ့ ဘာသာမပြန်ရတဲ့အတွက် လိုရင်းမရောက်တာတွေ ရှိတယ်” ဟု ဆန္ဒပြပွဲ ဖြစ်မြောက်ရေး ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်သည့် ကိုမင်းမင်းထွန်းက မဇ္ဈိမကို ပြောသည်။

တောင်းဆိုချက် ၃ ချက် ရေးသားထားသည့် ပေးစာကို UNHCR ရုံး တာဝန်ရှိသူတဦးက လက်ခံရယူကာ ၎င်းတို့ရုံးအနေဖြင့် စဉ်းစားပေးမည်ဟု ပြောဆိုသွားခဲ့သည်။

ပြီးခဲ့သည့် ၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် ဇူလိုင်လအတွင်း UNHCR က ရခိုင်များကိုပါ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခဲ့ရာမှ ထိုနောက်ပိုင်းတွင် ဒုက္ခသည်လျှောက်ထားခွင့်ပင် မရတော့ကြောင်းနှင့် မလေးရှားတွင် UNHCR ၏ စောင့်ရှောက်မှုကို ခံယူလိုသူ ရခိုင်လူမျိုး ၁ သောင်းကျော်ရှိကြောင်း ဆန္ဒပြသူများထံမှ သိရှိရသည်။

မလေးရှားတွင် ရခိုင် ဦးရေ ၁၅ဝဝဝ ခန့်ရှိရာ ၁၇ဝဝ ခန့်သာ UNHCR အသိအမှတ်ပြု လက်မှတ်ရရှိထားပြီး၊ ၅ဝဝ ခန့်မှာ ယာယီလက်မှတ် ကိုင်ဆောင်ထားကြောင်းနှင့် ၂၅ဝ ခန့်မှာ တတိယနိုင်ငံသို့ အခြေချခဲ့ပြီဖြစ်ကြောင်း ရခိုင် ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီထံမှ သိရသည်။ ထို့အပြင် တနိုင်ငံလုံးရှိ ထိန်းသိမ်းရေးစခန်း ၁၁ ခုတွင် အထိန်းသိမ်းခံနေရသူ ရခိုင်လူမျိုး ဦးရေ ၃ဝဝ ကျော်ရှိကြောင်း သိရသည်။

မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (မလေးရှား) ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းဝင်းညွန့်က “ကျနော်တို့ ဗမာရယ်၊ ရခိုင်တွေရယ်ကို UN က ခွဲခြားဆက်ဆံတယ်။ မြန်မာပြည်ကလာတဲ့ ကျန်တဲ့ တိုင်းရင်းသားတွေကိုတော့ အသိအမှတ်ပြုတယ်။ ကျနော်တို့ကျတော့ လျှောက်လွှာတောင် တင်ခွင့်မရဘူး။ ဘာဖြစ်လို့ ကျနော်တို့ကို အသိအမှတ်မပြုတာလဲလို့ UN ကို မေးတော့ မင်းတို့က ဗမာလူမျိုးဖြစ်လို့ passport (နိုင်ငံကူးလက်မှတ်) ရှိတယ်၊ ပြန်လို့ရတယ် ဆိုတာလောက်ပဲ ယေဘုယျဆန်ဆန် ဖြေတယ်’’ ဟု မဇ္ဈိမကို ပြောသည်။

ချင်းဒုက္ခသည်များ ကော်မတီ (မလေးရှား) မှ ပြောရေးဆိုခွင့်ရှိသူ တဦးကလည်း “မြန်မာနိုင်ငံက တိုင်းရင်းသားတွေကို အသိအမှတ်ပြုကဒ် ထုတ်ပေးတဲ့နေရာမှာ ဗမာနဲ့ ရခိုင်တွေ မပါတော့တာ သတိထားမိတယ်။ အဲဒါ ဘာကြောင့်လဲတော့ ကျနော် မသိဘူး” ဟု ပြောသည်။

မလေးရှား UNHCR ရုံးသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းခဲ့ရာ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး Yante Ismail က ၎င်းအနေဖြင့် အသေးစိတ် အခြေအနေကို မသိရှိသဖြင့် ပြောဆိုရန် ငြင်းဆိုခဲ့သည်။

ယခုနှစ် ဧပြီလကုန်အထိ မလေးရှား UNHCR သို့ ဒုက္ခသည်အဖြစ် လျှောက်ထားသူနှင့် အသိအမှတ်ပြုခံရပြီးသူ စုစုပေါင်း ၈၇၇ဝဝ ဦးရေ ရှိသည့်အနက် မြန်မာနိုင်ငံသားမှာ ၈၁၂ဝဝ ရှိသည့်အထဲတွင် ချင်း (၃၉၁ဝဝ)၊ ရိုဟင်ဂျာ (၁၈၈ဝဝ)၊ မြန်မာမူဆလင် (၅၉ဝဝ)၊ မွန် (၃၈ဝဝ)၊ ကချင် (၃၆ဝဝ) နှင့် အခြားလူနည်းစုများဖြစ်ကြောင်း UNHCR (မလေးရှား) ဝဘ်ဆိုဒ်တွင် ဖော်ပြထားသည်။

ကျန်အရေအတွက်များမှာ သီရိလင်္ကာ၊ ဆိုမားလီး၊ အီရတ်နှင့် အာဖဂန်နစ္စတန်မှ ဖြစ်သည်။ ဒုက္ခသည်နှင့် လျှောက်ထားဆဲ အားလုံး၏ ၇ဝ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်ပြီး၊ ၃ဝ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်သည်။ အသက် ၁၈ နှစ် အရေအတွက်မှာ ၁၉ဝဝဝ ပင် ရှိသည်။

မလေးရှားသည် ၁၉၅၁ ခုနှစ် ကုလသမဂ္ဂ၏ ဒုက္ခသည်များဆိုင်ရာ သဘောတူစာချက်ကို လက်မှတ်ရေးထိုးထားခြင်း မရှိသော နိုင်ငံဖြစ်သည်။

ထို့ကြောင့် UNHCR ဒုက္ခသည်လက်မှတ် ရရှိထားသူများ၊ ခိုလှုံခွင့် လျှောက်ထားသူများနှင့် နိုင်ငံမဲ့များအား တရားမဝင် ကူးပြောင်းလာသူများအဖြစ် သတ်မှတ်ကာ ဖမ်းဆီးထောင်ချလေ့ရှိသည်။ တရားမဝင် အလုပ်သမားများကိုလည်း ငွေဒဏ်နှင့် ထောင်ဒဏ်များ ချမှတ်လေ့ရှိသည်။

ကွာလာလမ်ပူတွင် တရားမဝင် အလုပ်သမားအဖြစ် နေထိုင်သူ မြန်မာနိုင်ငံသားတဦးက “ကျနော်တို့က ရဲဖမ်းမခံရအောင် သူများ passport ကို ကပ်ခွာလုပ်ပြီး နေတယ်လေ။ UN ကလည်း အသိအမှတ်မပြု၊ သက်ဆိုင်ရာ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ကဒ်နဲ့လည်း မရဘူး။ ဖမ်းတာပဲ” ဟု ပြောသည်။

လယ်ယာမြေသိမ်းပိုက်ခြင်း၊ လုပ်အားပေးခိုင်းစေခြင်း၊ စစ်မက်ဖြစ်ပွားခြင်းနှင့် စီးပွားရေးကျပ်တည်းခြင်းတို့ကြောင့် မြန်မာနိုင်ငံသား သိန်းပေါင်းများစွာသည် အိမ်နီးချင်းနိုင်ငံများသာမက မလေးရှားသို့ပါ သွားရောက်ကာ ဒုက္ခသည်အဖြစ် လျှောက်ထားခြင်းနှင့် အလုပ်လုပ်ကိုင်နေကြခြင်း ဖြစ်သည်။

ရိုဟင်ဂျာကို ဘယ်သူမွေးစားခဲ့သလဲ

ရခိုင်သား
( အဏ္ဏ၀ါစစ်သည်ရဲ့ ဆောင်းပါးနဲ့ ပတ်သက်ပြီး ပြည်ပရောက် ရခိုင်ကျောင်းသား တစ်ဦးရဲ့ တင်ပြချက် ဖြစ်ပါတယ်။
ရိုဟင်ဂျာ အရေးကို ဘယ်သူတွေ ပွဲထုတ်လာခဲ့တယ် ဆိုတဲ့ စိတ်ဝင် စရာ ကောင်းတဲ့ အချက်အလက်များ ပါတာမို့
ဝေမျှပေး လိုက်ပါတယ်။ )
အဏ္ဏ၀ါ စစ်သည်ဆိုသူက ရိုဟင်ဂျာ အကြောင်း ရေးသွားပါတယ်။ ဒီအထဲမှာ ကျွန်တော်တို့ မသိတဲ့
ဖဆပလခေတ်က အကြောင်းတွေ ပါလာလို့ ဗဟုသုတရပါတယ်။ ဖဆပလက အာဏာတစ်ခုထဲ အတွက် ရေရှည်
အန္တရာယ်ကို မကြည့်ဘဲ ကုလားအမတ်တွေ မွေးခဲ့တယ်။ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ကုလားအမတ်တွေက
စသုံးခဲ့တယ်ဆိုတဲ့ အချက်ထဲမှာ တစ်ခုတော့ ထပ်ဖြည့်ချင်ပါတယ်။ တည်မြဲ၊ သန့်ရှင်း ကွဲပြီးနောက် အိမ်စောင့်အစိုးရ
တက်တယ်။ အိမ်စောင့်အစိုးရက ၁၉၆၀ မှာ ရွေးကောက်ပွဲ လုပ်မယ် ဆိုတော့ ၁၉၅၉ ခုနှစ် နိုဝင်ဘာလထဲမှာ ဦးနု
ရခိုင်ကို မဲဆွယ်ဖို့ လာတယ်။ မောင်တော မြို့နယ်မှာ စည်းရုံးရေး လုပ်တဲ့အခါ ဦးနုက သန့်ရှင်းသာ အနိုင်ရရင် ရိုဟင်ဂျာ
လူမျိုးလို့ သတ်မှတ်ပေးမယ်။ မြန်မာ့ အသံက တိုင်းရင်းသား အစီအစဉ်တွေမှာ ရိုဟင်ဂျာ ဘာသာနဲ့ အသံလွှင့်
ပေးမယ်လို့ ကတိပေးသွားတယ်။ သူနိုင်တော့ မြန်မာ့အသံကနေ ရိုဟင်ဂျာ အစီအစဉ်ဆိုပြီး လေးလလောက်
လွှင့်လိုက်သေးတယ် ။ နောက်တော်လှန်ရေး ကောင်စီ တက်တော့မှ အဲဒီအသံလွှင့် အစီအစဉ် ရပ်သွား တယ်။
နောက်ပြီး ဦးနုကို ကုလားတွေက မေယုပြည်နယ် ဆိုပြီး သတ်မှတ်ပေးဖို့ တောင်းတယ်။ ဦးနု က ပြည်နယ်တော့
မပေးဘူး၊ သို့သော် သီးခြားဒေသ တစ်ခု သတ်မှတ် ပေးမယ်လို့ ကတိပေး သွားတယ်။ ဒါ့ကြောင့် ဦးနုရဲ့ ပထစပါတီ
အနိုင်ရတဲ့အခါ ဘူးသီးတောင်၊ မောင်တော ၊ ရသေ့တောင် မြို့နယ်တွေကို မေယုနယ်ခြား ခရိုင်ဆိုပြီး သီးခြားခရိုင်
တစ်ခုဖွဲ့တယ်။ အဲဒီခရိုင် ထဲက ကုလားတွေကို မှတ်ပုံတင် ထုတ်ပေးခဲ့တယ်။ အဲဒီလို လုပ်ပေးတဲ့ အတွက် ၁၉၇၈ ခုနှစ်
နဂါးမင်း စစ်ဆင်ရေးနဲ့ ဟင်္သာစစ်ဆင်ရေးလုပ်တဲ့ အခါ အဲဒီကုလားတွေဟာ ၁၉၄၈ ခုနှစ်နောက်ပိုင်းမှာ ခိုးဝင်လာတဲ့
ကုလားတွေမှန်း သိသိကြီးနဲ့ မှတ်ပုံတင် ကိုင်ထားတော့ ပြန်လက်ခံခဲ့ရတယ်။
တကယ် ဥပဒေအရက ၁၈၈၅ မတိုင်မီကစပြီး မြန်မာနိုင်ငံမှာ ဆွေစဉ်မျိုးဆက် နေထိုင်ခဲ့တဲ့ လူများကိုပဲ နိုင်ငံသား
အဖြစ်သတ်မှတ်ပြီး အမျိုးသား မှတ်ပုံတင် ထုတ်ပေး ရမှာဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ရိုဟင်ဂျာကိစ္စမှာ
ကူလီကူမာကျတဲ့ ကုလားများမှာ တာဝန်ရှိသလို အမတ်နေရာ သုံးလေးနေရာ ရဖို့အတွက် အာဏာ ရူးခဲ့တဲ့ နိုင်ငံရေး
သမားတွေမှာလဲ တာဝန်ရှိ တယ်ဆိုတာ ဖော်ပြလိုက်တာပဲ ဖြစ်တယ်။
ဒါက အတိတ်တုံးက အဖြစ် ။ အခု ခေတ်မှာလဲ ဒီရိုဟင်ဂျာကိစ္စကို နိုင်ငံတကာ မျက်နှာစာပေါ် ရောက်လာအောင်
လုပ်တဲ့နေရာမှာ ကိုယ့်မြန်မာ နိုင်ငံရေးသမား၊ ဒီမိုကရေစီ သမားဆိုသူတွေ ပါနေပြန် တယ်။ ပထမဆုံး ပါလာတဲ့အဖွဲ့က
ကျွန်တော်တို့ ကိုယ်တိုင်ပါခဲ့တဲ့ ကျောင်းသားအဖွဲ့ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ် တပ်ဦး
( မကဒတ) ပဲဖြစ်ပါတယ်။ ဒီအကြောင်းကို ပြောတိုင်း အလွန် ၀မ်းနည်းပါတယ်။ အဲဒီအချိန်က မကဒတ ဗဟိုကော်မတီ
အစည်းအဝေးမှာ ကေအင်ယူက ဖွဲ့ပေးထားတဲ့ အစ္စလမ် လွတ်မြောက်ရေး တပ်ဦးနဲ့ ဘင်္ဂလားဒေ့ရှ်က လာတဲ့ ရိုဟင်ဂျာ
ကိုယ်စားလှယ် တစ်ချို့က ရိုဟင်ဂျာ အရေးကို ထောက်ခံဖို့ ၊ အဲဒီလို ထောက်ခံရင် အရှေ့အလယ်ပိုင်းက
ထောက်ပံ့ငွေတွေ ရအောင် လုပ်ပေးမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီအချိန်က မကဒတမှာ ရှိတဲ့ ရခိုင်
ကျောင်းသားများက ဒီအစီအစဉ်ကို ကန့်ကွက်ခဲ့ ပါသေးတယ် ။ ဒါပေမယ့် အဲဒီအချိန်က တွေးတာက န၀တကို
တိုက်ဖို့အတွက် အားလိုတယ်။ ဒါ့ကြောင့် နိုင်ငံတကာ အားယူဖို့ အတွက် ရနိုင်တဲ့ လက်နက် အားလုံးကို သုံးရမယ်လို့
ဆုံးဖြတ်ခဲ့တယ်။ ဒီလိုနဲ့ ၁၉၉၂ ခုနှစ် ဇွန်လ ၇ ရက်နေ့နေ့စွဲနဲ့ မကဒတ ( ဗဟို) ရဲ့ သုတေသနဌာနက စာမျက်နှာ ၄၉
မျက်နှာပါစာ ရိုဟင်ဂျာသမိုင်းနဲ့ ပတ်သက်တဲ့ စာတမ်း တစ်စောင် ထုတ်ပြန်ခဲ့တယ်။ အဲဒီစာတမ်းမှာ ရိုဟင်ဂျာတွေအပေါ်
မြန်မာအစိုးရက ပြုလုပ်တယ် ဆိုတဲ့ ဖိနှိပ်မှုများ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများနဲ့ ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ထဲက
လူမျိုးစုတစ်ခု အဖြစ်နဲ့ ပုံဖော်ခဲ့ ပါတယ်။
အဲဒီစာတမ်းဟာ ၁၉၉၁ ခုနှစ်ကုန်မှာ န၀တက ရခိုင်ပြည်နယ်ထဲမှာ မှတ်ပုံတင် စစ်ဆေးပြီး တရားမ၀င်
ခိုးဝင်လာသူတွေကို ဖော်ထုတ်တဲ့ စစ်ဆင်ရေးကြောင့် ကုလားတွေ ဘင်္ဂလားဒေ့ရှ် ဘက်ကို ပြန်ထွက်ပြေးတဲ့ အချိန်နဲ့
အချိန်ကိုက် ပေါ်ထွက် လာခဲ့တာ ဖြစ်ပါတယ်။ အဲဒီစာတမ်းလိုပဲ INGO တွေဆီကလည်း ရိုဟင်ဂျာများ အပေါ်
လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုတဲ့ စာတမ်းတွေ ဆက်တိုက် ထွက်လာပါတယ်။ အဲဒီစာတမ်း အားလုံးမှာ
ရိုဟင်ဂျာတွေကို ရခိုင်ပြည်နယ်ထဲက ဘာသာရေး၊ လူမျိုးရေးအရ ဖိနှိပ်ခံ လူမျိုးစုအဖြစ်နဲ့ ပုံဖော်ထားခဲ့ပါတယ်။
ဒီအတွက်လည်း မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ်က ဘာသာရေး အခြေခံပါတီတွေ၊ ဘာသာရေး ကျောင်းတွေက ဒေါ်လာ
သန်းနဲ့ချီ သုံးခဲ့ပါတယ်။ မကဒတ ကိုလည်း ဒေါ်လာ တစ်သန်းကျော် ပေးခဲ့ပြီး လက်နက် အချို့လဲ ထောက်ပံ့
ပေးခဲ့ပါတယ်။ နောက်ပိုင်း မှာတော့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီအထိ
ရောက်သွားပြီး ရိုဟင်ဂျာ လူမျိုးစုဆိုတာ နိုင်ငံတကာ မျက်နှာစာမှာ အတည်လို ဖြစ်သွားပါတယ်။ နအဖကို တိုက်ဖို့ သုံးတဲ့
လက်နက်ကြောင့် နအဖအစိုးရ ပြုတ်ကျ မသွားပေမယ့် ကျွန်တော်တို့ ရခိုင်ပြည်နယ် ထဲမှာတော့ ဘယ်တုံးကမှ မရှိခဲ့တဲ့
မုတ်ဆိတ်ဖားနဲ့ ကုလားလူမျိုးစု တစ်စု အပိုင်ရလိုက်ပါပဲ။ ရိုဟင်ဂျာတွေကို ဒီလို ပုံဖော်ခဲ့တဲ့ အတွက် ဘင်္ဂါလီ
ကုလားများဟာ သူများနိုင်ငံကို ခိုးဝင်တဲ့လူ အဖြစ်ကနေ ဖိနှိပ်လို့ ထွက်ပြေးလာ ရပါတယ်ဆိုတဲ့ ဒုက္ခသည်ဘ၀ကို
ရောက်သွားပါ တော့တယ်။ ဒီခေါင်းစဉ် အောက်ကနေ ထိုင်း၊ မလေးရှားဘက်ကို ထွက်ကြ တော့တာပါ။ မြန်မာနိုင်ငံမှာ
ဒီလိုခိုးဝင် နေတာတွေ ရှိတုံးဖြစ်သလို၊ ခိုးဝင် လာသူတွေကို ဖော်ထုတ် အရေးယူဖို့ လုပ်တိုင်း ရိုဟင်ဂျာ လူမျိုးတွေကို
ဖိနှိပ်ပါတယ်ဆိုပြီး နိုင်ငံတကာမှာ အသံကုန် အော်ခွင့် လိုင်စင် ရသွားတာပါပဲ။
မကဒတ နောက်ပိုင်းမှာ ရိုဟင်ဂျာကိစ္စကို ရှေ့တန်းတင် လာတာက ဦးဟန်ယောင်ဝေပါပဲ။ ဦးဟန်ယောင်ဝေကလဲ
မကဒတရဲ့ စဉ်းစားပေါက် အတိုင်းပဲ ရိုဟင်ဂျာအရေးကို ငွေတွင်းကြီးလို့ မြင်ပါတယ်။ ဒါကြောင့်လဲ ENC အနေနဲ့ရော၊
ဥရောပမှာ သူလှုပ်ရှားနေတဲ့ အသိုင်းအ၀န်း ထဲမှာရော ရိုဟင်ဂျာကိစ္စကို Issue အဖြစ်နဲ့ တင်လာပါတယ်။
ဒီလိုလုပ်တာကို ပြည်ပရောက် ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေက ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဟန်ယောင်ဝေဟာ
ဦးခင်မောင်လို ရခိုင်ကိုယ်ကျိုးရှာ နိုင်ငံရေး သမားကိုတော့ နံမည်ခံ အဖွဲ့တစ်ဖွဲ့ဖွဲ့ပေးပြီး ရိုဟင်ဂျာအရေးကို
ရခိုင်လူမျိုးတွေက ထောက်ခံတဲ့ အသွင်ကိုတော့ ဖန်တီးနိုင်ခဲ့သေးတယ်။
ကျွန်တော်တို့ဟာ ရခိုင်ပြည်နယ်ထဲမှာ တရားဝင် နေထိုင်ခွင့် ရနေတဲ့ ဘင်္ဂါလီ ကုလားများရဲ့ လူ့အခွင့်အရေးတွေ
ဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့် စတာတွေကို လက်ခံပါတယ်။ အဖိနှိပ်ခံ မြန်မာပြည်သူ
တွေလိုပဲ သူတို့အနေနဲ့ ဒီအခွင့်အရေးတွေကို
ရဖို့အတွက် စည်းရုံး လှုပ်ရှားတာကို ကျွန်တော်တို့ ထောက်ခံပါတယ်။ သို့သော် ဒီအခွင့်အရေးကို အကြောင်းပြပြီး
ဘင်္ဂါလီ ကုလားတွေကို တိုင်းရင်းသား လူမျိုးအဖြစ် ဖန်တီးတာကို လက်မခံနိုင်ပါဘူး။ ဒီအခွင့်အရေးကို အကြောင်းပြပြီး
နောက်ထပ် တရားမ၀င် ခိုးဝင်မှုတွေ ဖြစ်လာအောင် အားပေးတာ။ ခိုးဝင်လာခဲ့သူတွေကို မြန်မာ နိုင်ငံသား အဖြစ်
ရောက်အောင် လုပ်တာတွေ ကိုတော့ ဘယ်လိုနည်းနဲ့မှ လက်မခံနိုင်ပါဘူး။
ဒီလိုဖြစ်အောင် အားပေးနေတဲ့ ပြည်ပရောက် ဒီမိုကရေစီ နိုင်ငံရေး သမားများကိုလည်း သူတို့ အနေနဲ့
လူ့အခွင့်အရေးကို မျက်နှာဖုံးစွပ်ပြီး မြန်မာ့သမိုင်းမှာ ဘယ်တုံးကမှ မရှိတဲ့ လူမျိုးတစ်မျိုး ပေါ်လာအောင် လိမ်ညာ
လှည့်ပတ်နေတဲ့ ဘင်္ဂါလီကုလားများရဲ့ လှုပ်ရှားမှုများကို ထောက်ခံ နေခြင်းဟာလဲ ရခိုင်လူမျိုးများကို စော်ကားနေတာ
ဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု ဖော်ဆောင်ဖို့ အတွက် လိုအပ်နေတဲ့ တိုင်းရင်းသား ညီညွတ်မှုကို ပျက်စီးအောင်
လုပ်နေတာ ဖြစ်တယ်ဆိုတာ သတိပေးလိုပါတယ်။
၆၀ တုံးက ဦးနုအာဏာရူးပြီး ကတိတွေ ပေးခဲ့တာကြောင့် ရိုဟင်ဂျာဆိုတဲ့ စကားလုံးက အတည် ဖြစ်ခဲ့ရပြီးပြီ။
အခုလဲ နအဖကို ဆော်ဖို့ အတွက် ရိုဟင်ဂျာကို သုံးဖို့ ပြန်လုပ်လာပြန်ပြီ။ ဒါဟာ ဖရန်ကင်စတိန်းလို ဖုတ်ကောင်ကြီးကို
အသက်သွင်း ပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ ဒါဟာ နအဖ နဲ့သာ ဆိုင်တဲ့ ကိစ္စမဟုတ်ဘူး။ အမျိုးသားရေး၊
ပြည်ထောင်စု အရေးဖြစ်တယ် ဆိုတာကို မမေ့ဖို့ လိုပါ တယ်။
ရခိုင်သား
Posted by ပိတောက်မြေ

Arakanese Refugees Demostrate at UNHCR in Malasia.

Kuala Lumpur: Over 70 Arakanese refugees staged a demonstration on Monday in front of the UNHCR office in Malaysia's capital Kuala Lumpur, demanding immediate attention to their plight as unregistered refugees.

Saw Than, the spokesperson for the demonstration, said that they were facing arrest by authorities as well as a lack of food and shelter due to their neglect by the UNHCR in Malaysia.

"More than 300 Arakanese refugees have been held in the detention camps for more than a year, and many others, including us who had applied for status since 2008, are still being ignored by the UNHCR. We are now facing arrest by the Malaysian authorities and a lack of food, shelter, and medical assistance," he told Narinjara over telephone.

He also said, "We feel we are also being discriminated against by the UNHCR here because the UNHCR has recognized so many other ethnic people from Burma as refugees since 2008, but not a single Arakanese has been among those [refugee] registrations."

Narinjara attempted to contact the UNHCR office in Malaysia via telephone but was unable to reach anyone there.

Saw Than added that the demonstration had lasted for nearly one and half hours and was peacefully concluded when Mr. Mikael, the UNHCR Malaysia Registration Officer, promised to consider their demands as soon as possible. The list of protesters present was also taken by the UNHCR and the local police.

According to the Arakan Refugee Relief Committee based in Kuala Lumpur, over 10,000 Arakanese refugees are currently sheltering in Malaysia after fleeing persecution at the hands of the Burmese military regime. However, very few of them have been registered as refugees by the UNHCR office in Malaysia.

Wednesday, 2 June 2010

Pretty of Arakanese Girl



Dancing at Rangoon (Live)

Princess of Arakanese



Photos from Arakanese Meeting Point (KWKhaing)

Arakanese Girls



Photos from Arakanese Meeting Point (KWKhaing)


Photos from Arakanese Meeting Point (KWKhaing)

Saturday, 29 May 2010

Friday, 22 January 2010

Tuesday, 19 January 2010

မိုင်တိုင်အမှတ် ၄၀

ရခိုင်.....စါဆိုရိုတိစုစီးမူ...
Publishment from.. ရခိုင်သားကြီးလှမြင်.
and PDF by
့Khaing Aung Aung
http://c2.api.ning.com/files/-0b7l*JhUNDCAkWBvBkVq1GNXRXhEksEPg7qTVZNzE9UY-Bq-D9pjiOP4KKp5AmW-UkDnPIGyWmhsPvDr2atI7t8etLIvi8l/ArakanStoriesCollection.pdf

Thursday, 14 January 2010

သမိုင်းပညာရှင် ပဏ္ဍိပ် ဦးဦးသာထွန်း




(၂၃-၁၀-၁၉၁၇) (၁၄-၈-၁၉၉၀)

‘နိုင်ငံ အကျိုးပြုအဖိုးတန်ရတနာများ’ စာအုပ်ကိုစာရေးသူက ပြုစုလျက်ရှိရာ ဆရာကြီးဦးဦးသာထွန်း၏ အတ္တုပ္ပတ္တိကို ရေးသားခွင့်နှင့် အရေးကြုံလာ၍ များစွာနှစ်ထောင်းအားရဖြစ်မိပါသည်။ ကျွန်တော့်ဘ၀တွင် ငယ်စဉ်ပင် ၀ါသနာထုံခဲ့သော သမိုင်းဘာသာရပါအတွက် ပေါင်းကူးတတားသဖွယ် ဆက်သွယ်ပေးခဲ့သော လက်ဦးဆရာပင်ဖြစ်ပါသည်။ သမိုင်းပညာရှင် သမိုင်းပဏ္ဍိပ်ဟု ယခုဤစာအုပ်တွင် ဖော်ပြထားသော်လည်း ကျွန်တော်ငယ်စဉ်က ဆရာကြီး ဦးဦးသာထွန်းကို ဆရာဟုမခေါ်ခဲ့ပါ။ ရခိုင်တို့ ထုံးစံအတိုင်း ‘အခင်’ (ဦးလေး) ဟုသာခေါ်ခဲ့ပါသည်။ စာရေးသူသည် မြောက်ဦးသားဇာတိမဟုတ်ပါ။ ၁၉၅၅ ခုနှစ်မှ ၁၉၅၇ ခုနှစ်အထိ မြို့ဟောင်းမြို့(မြောက်ဦး) တွင်မိဘနှင့်အတူ နေဖူးခဲ့ခြင်း ဖြစ်ပါသည်။ ထိုစဉ်က စာရေုးသူ၏ ဖခင်ဦးမောင်သာဇံသည် တရားသူကြီးရာထူဖြင့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထိုစဉ်ကကျွန်တော်တို့၏အိမ်သည် နန်းရာကုန်းအပြင်ဘက် ကျုံးနေရာနှင့် ဘောလုံးကွင်း (ရခိုင်ရှင်ဘုရင်များလက်ထက်က ‘၀ယိုင်တာ’ ဥယျာဉ်) လမ်းထိပ်တွင်တည်ရှိခဲ့ပါသည်။ အိမ်၏အောက်ထပ်နှင့် အိမ်အပေါ်ထပ် ဆင်ဝင်တွင် ရုံးဖွင့်လှစ်ထားပြီး အပေါ်ထပ်နောက်ဘက် တစ်ခြမ်းတွင် ကျွန်တော်တို့မိသားစု နေထိုင်ခဲ့ပါသည်။ ထိုအချိန်က နန်တော်၏အရှေ့တောင်ဘက်တွင် ရခိုင်ရှင်ဘုရင်များ လက်ထက်က ဗဟိုစည်တီးသည် ဟု မခေါ်ဘဲ ‘ဗဟိုဆည်ယွန်းသည်’ ဟုဆိုပါသည်။ ယင်းတောင်ကိုလည်း ‘ယွန်းတောင်’ ဟုခေါ်ပါသည်။ နှစ်ပရိစ္ဆေဒကြာညောင်းလာ၍ ယွန်းတောင်ကို ‘လွမ်းတောင်’ ဟုစကားရွှေ့လျားလားခြင်းဖြစ်ပါသည်။ လွမ်းတောင်ခြေနားတွင် အ.ထ.က ကျောင်းရှိပါသည်။ ယင်းကျောင်းတွင် ဆဋ္ဌမတန်းနှင့် သတ္တမတန်းကို အောင်မြင်ခဲ့ပြီး အသက် ၁၅ နှစ်ပင် မပြည့်သေးပါ။
ကျွန်တော်သည် ငယ်စဉ်ကပင် သမိုင်းကိုအလွန်ဝါသနာပါစိတ်ဝင်စား မှန်းသိ၍ ဆရာသည် ဘယ်ကိုပဲသွားသွား ကျွန်တော့်ကို လာခေါ်ပါသည်။ ကျွန်တော်နှင့် ကျောင်းနေဖက်သူငယ်ချင်းကိုရွှေသာ (ဆန်စက်ပိုင်ရှင် ဦးရဲဘော်သား) လည်းတစ်ခါတစ်ရံ ပါလာတတ်ပါသည်။ ကိုရွှေသာသည် ကျွန်တော့်ထက် တစ်တန်းကြီးပါသည်။
ဆရာကြီး ဦးဦးသာထွန်းသည် ရခိုင်လူမျိုးကို အလွန်ချစ်သလို ရခိုင်ရာဇ၀င် (သမိုင်း) ကိုလည်းအလွန်တန်ဖို့ထားတတ်ကြောင်း ထိုစဉ်ကပင် ကျွန်တော်သိခဲ့ရပါသည်။ ထိုစဉ်က(မြို့ဟောင်း) မြောက်ဦးမြို့ရှိ ဘုရားတိုင်းလိုလိုပင် ဌာပနာအဖောက်ခံထားရ၍ ဌာပနာအဖောက်မခံရသောဘုရားဟူ၍ မရှိသလောက်ပင် ရှားပါးပါသည်။

ရတနာပုံစေတီ (နို့ပုံစေတီ) ကိုမသာမာသူများက ညအချိန်တွင် ဌာပနာ လာဖောက်ကြ၍ စေတီတစ်ခြမ်းပြိုကျသွားကြောင်း လူ၃၊၄ ယောက် ကျောက်ပုံကြားတွင် ပိ၍သေဆုံးနေသည်ကိုနံနက်တွင် တွေ့ရကြောင်း မြို့ခံလူများက ပြောသည်ကိုမှတ်မိပါသေးသည်။ ရတနာပုံစေတီသည် မြောက်ဦးမြို့တွင် ထုထည်အကြီးမားဆုံးစေတီဖြစ်ပြီး စေတီတစ်ခြမ်းပြိုကျစဉ်က တော်လဲသံတမျှ မြည်မဟီးပြီး ပြိုကျခဲ့ကြောင်း အသိမိတ်ဆွေများက ပြောပြပါသည်။


တစ်နေ့တွင်လည်း ကျွန်တော်တို့အိမ်နာနှင့်မလှမ်းမကမ်းတွင်နေသော ဒေါ်ကောက်မ၏ယောင်္ကျာနှင့် ကျွန်တော့်ကိုလာခေါ်ပါသည်။ သျှစ်သောင်းဘုရားကို အတွင်လမ်းမှဖြတ်၍ ရတနာပုံစေတီကိုသွားကြစဉ် အံတော်သိမ်ဘုရားအရောက်တွင် ဘုရားကိုလက်ညိုးထိုး၍ လက်ရာအမြောက်ဆုံး ဘုရားစေတီ တစ်ဆူဖြစ်ကြောင်း၊ ကျောက်များကိုစီရာတွင် အင်္ဂတေကိုမသုံးဘဲ စရွေးကိုက်လုပ်ထားကြောင်း။ အပ်ထိုး၍ပင်မ၀င်ကြောင်း ပြောပြသည်ကို အမှတ်ရမိပါသေးသည်။


ရတနာပုံစေတီတစ်ခြမ်းပြိုကျလျက်ရှိသောဘက်၌ သုံးယောက်သား သစ်ပင်များကိုဖယ်ရှားပြီး ခဲရာခဲဆစ် သပိတ်မှောက်အထိ တက်ကြပါသည်။ သပိတ်မှောက်ဌာပနာတိုက်အတွင်းမှ ပြိုကျ၍ ပေါ်ထွက်နေသောဘုရားဟုထင်ပါသည်။ ကျောက်ခဲများကြားတွင် ထိုင်တော်မူ (၃ ပေလောက် မြင့်မည်ထင်ပါသည်။) ကျောက်ဆင်းတုတော်တစ်ဆူကို ဘေးနားမှပိတ်ဆို့နေသော ကျောက်တုံးများကို ဖယ်ရှားပြီး စေတီပေါ်မှထမ်း၍ အောက်သို့ယူလားခဲ့ကြပါသည်။ သျှစ်သောင်းဘုရားကြီး သိမ်ရှေ့ မင်းဗာကြီးရုပ်တုနားတွင် ထားခဲ့ကြသည်ကို မှတ်မိနေပါသေးသည်။
ထိုစဉ်က ထုက္ကန်သိမ်ဘုရားထဲကို မည်သူမျှဝင်၍မရပါ။ ဘုရားအတွင်းတွင် မှောင်မဲနေပြီး လင်းနို့များခိုအောင်းလျက်ရှိပါသည်။ ကြမ်းခင်းတွင် လင်းနို့ချေးများခြေမျက်စိမြုပ်ပါသည်။ ဆရာကြီးသည် ကျွန်တော့်ကိုခေါ်၍ ထုက္ကန်သိမ်အထဲကို ၀င်ကြပါသည်။ အပြင်ဘက်ကစ၍ ၀င်ပါသည်။ ကျွန်တော့် တသက်တွင် ထုက္ကန်သိမ်အထဲကို ပထမဆုံးဝင်ဖူးခြင်းဖြစ်ပါသည်။ မှောင်မဲနေ၍ ပတ်လမ်းအတိုင်းမ၀င်ဘဲ အပြင်ပတ်လမ်းမှ ထိုင်တော်မူဘုရားဂူပေါက်မှ ကျော်ဝင်ပြီး အတွင်းပတ်လမ်းအထဲကို ၀င်ပါသည်။ ကျွန်တော်က ကြောက်၍ ဆရာကြီး၏လက်ကို တအားဆုပ်ကိုင်ထားပါသည်။ ခဏကြာလျှင် လင်းလားလိမ့်မည်ဟု ဆိုပါသည်။ ဆရာကြီးပြောသည့်အတိုင်း ခဏကြာလျှင် နံရံတွင်ထုထားသော ရုပ်ကြွရုပ်လုံးရုပ်ထုအားလုံးကို မြင်လာပါသည်။ အလင်းဝင်ပေါက်မှ အလင်းများဝင်နေသည်ကို တွေ့ရပါသည်။ ဆရာကြီးသည် ပါလာသောဖယောင်းတိုင်ကို မီထွန်းပြီး နံရံရှိ အမျိုးသမီးများ ကျောက်ဆစ်လက်ရာဆန်လုံးပုံထုလုပ်ထားသော ရုပ်ကြွအရုပ်များကို ကျွန်တော့်အားပြပါသည်။ ဆရာကြီးသည် ဆောင်းပါးရေးရန် အထောက်အထားလို၍ လားကြည့်ဟန်တူပါသည်။ ကျွန်တော့်ကိုလိုက်ပြခြင်းကား မဟုတ်ပါ။
ထိုစဉ်က ရန်အောင်ဇေယျခေါ် သျှစ်သောင်းပုထိုးတော်ကြီး၏ အရန်စေတီငယ်အားလုံးသည် ဌာပနာဖောက်ခံထားရ၍ မြင်မကောင်းလောက် အောင်ပင် သပတ်မှောက်များတွင် ဟောင်းလောင်းပေါက်ဖြစ်လျက်ရှိပါသည်။ ဆရာတော်ကြီးသည် တစ်နေ့တွင် ကျွန်တော့်ကိုလားခေါ်ပြီး သျှစ်သောင်းဘုရားအနီးရှိ အုတ်ခဲများကို တစ်နေရာတွင် စုခိုင်းပါသည်။ ဘုရားအထဲမှ သံနှင့်ဘိလပ်မြေများကိုရော၍ အုတ်ခဲများနှင့် နဂိုပုံမပျက်ပိတ်သည်ကို အမှတ်ရမိပါသေးသည်။
မပိတ်မှီ ဆရာကြီးသည် အုတ်ပြားတစ်ပြားကိုယူ၍ ၁၉၉၅ ခုဟုဆောက်နှင့်ထွင်း၍ ရေးသားပြီးမှ ယင်းသက္ကရာဇ်ပါ ကျောက်ပြားကို အထဲတွင် ထည့်ပြီးမှ ပိတ်ပါသည်။ မည်မျှ သုတေသီသမိုင်းဆရာပီသကြောင်း ပေါ်လွှင်ပါသည်။ ဌာပနာအဖောက်ခံထားရသော အပေါက်ကို သာမန် ပန်းရန်ဆရာတစ်ဦးကဲ့သို့ မပိတ်ခဲ့ပါ။ တစ်ချိန်တစ်ခါတွင် နောင်လာနောက်သားများ မှတ်တမ်းကျန်ရစ်၍ မည်သည့်ခုနှစ်က ပိတ်ခဲ့ကြောင်း သက္ကရာဇ်ကို ရေးသားခဲ့ပါသည်။
ကျွန်တော်တို့မိသားစု မြောက်ဦးမြို့တွင်ရှိနေစဉ် နန်းတော်ရာကုန်မှ ၃ မိုင်လောက်ဝေးသော အရှေ့ဘက်တွင် ရှင်ဘုရင်မ နတ်သျှင်မယ်၏ တစ်ကိုယ်တော်နေခဲ့သော နန်းတောင်ဆောင် ရှိခဲ့ဖူးပါသည်။ ယခုအချိန်တွင် မယ်တော်မရှိတော့ပြီဖြစ်သော်လည်း နန်းဦးတွင် နတ်သျှင်မယ်ကိုးကွယ်ခဲ့သော နန်းဦးဘုရားမှာ ချုံနွယ်ပိတ်ပေါင်းများ အထဲရောက်လျက်ရှိနေပါသေးသည်။ ယင်းဘုရားကို ဆရာကြီးက ဦးဆောင်၍ တောထဲမြို့ဟောင်းရှိ သင့်တော်သော ဘုရားတစ်ဆူဆူဝင်းအတွင်း ရွှေ့ပြောင်းရန်ဆောင်ရွှက်လျှက်ရှိပါသည်။ ကျွန်တော်နှင့် ဆရာကြီးရောက်သွားသောအချန်တွင် ထိုင်တော်မူဘုရားကို စွပ်ပါးပေါ် ပက်လက်လှန်၍ တင်ထားပြီးသား ဆွဲယူရန်အဆင်သင့် ရှိနေပါပြီ။ မျက်နှာကို ပိတ်ဖြူတစ်ခုနှင့် အုပ်ထားပါသည်။ ပလ္လင်မှာ ကျောက်တုံးများကို ဆက်စပ်၍ပြုလုပ်ထားသောကြောင့် မ၍ရွှေ့လျှင် အားလုံးပြိုပျက်သွားပါမည်။ ဆရာကြီး၏ အမိန့်အရ လူများကတူရွင်းနှင့်ကလန့်ပြီး ကျောက်ခဲတစ်လုံးချင်းခွာယူပါသည် ပလ္လင်တွင် ရုပ်လုံးရုပ်ကြွများဖြင့် ပြုလုပ်ထား၍ အလွန်ပင်လက်ရာမြောက်ပါသည်။ ဘုရားထားမည့်နေရာသို့ ရောက်သောအခါ ပလ္လင်ကို နဂိုအတိုင်းပြန်လည်စုစည်းတည်ဆောက်သည့်အခါ အဆက်အစပ်လွယ်ကူရန် သင်္ဘောဆေးအနီဖြင့် ကျောက်ခဲတစ်လုံးချင်းကို အတန်းလိုက်ဆရာကြီးကခိုင်း၍ ကျွန်တော်က နံပတ်များ ရေးမှတ်ရပါသည်။ နောက် ၂ ရက်အကြာ ပွပ်ပါပေါ်တင်ထားသော ဘုရားကို မြို့ဟောင်းမြို့ရှိ မြို့မိမြို့ဖနှစ်ထောင်ကျော်ခန့်က ကြိုးနှင့်ဆွဲ၍ ယူလာခဲ့ကြပါသည်။ (ထိုစဉ်က ဘုရားမည်သည့်နေရာတွင် ထားခဲ့သည်ကို ယခု စာရေးနေသောအချိန်တွင် မမှန်မိတော့ပါ။)
၁၉၉၅ ခုနှစ် ကျရောက်သော အမျိုးသားနေ့တွင် ကျွန်တော်တို့ အိမ်ရှေ့ကျုံးနေရာတွင် ဆရာကြီးခေါင်းဆောင်၍ သရုပ်ဆောင်ခဲ့ပါသည်။ မင်းသားကြီးရွှေဘန်းပြဇာတ်ကပြ၍ သရုပ်ဆောင်ခဲ့ပါသည်။ ထိုစဉ်က မင်းသားကြီးရွှေဘန်းအဖြစ် ကိုကျော်ဇောလှက သရုပ်ဆောင်ခဲ့ပါသည်။ ပွဲကြည့်ပရိတ်သတ်များကလည်း ကွင်းတစ်ခုလုံး ပြည့်လျှံနေပါသည်။ ပြဇာတ်ထွက်၍ မိနစ်ပိုင်းအလိုတွင် ဇာတ်စင်လက်ယာဘက်တွင်ဗုံးတစ်လုံးပေါက်ကွဲရာ လူပေါင်း ၄၀ ကျော်ခန့် ဒဏ်ရာရရှိခဲ့ပါသည်။ (ကံကောင်းထောက်မ၍ အဖိတ်အစင်မရှိခဲ့ပါ)။ ထိုစဉ်က ကျွန်တော်နှင့် ဇာတ်စင်ဘေးနားခုံတန်းလျား တစ်ခုတွင် ကျွန်တော်က အလယ်ကထိုင်ပြီး လက်ယာဘက်တွင် ဆရာကြီးဦးဦးသာထွန်း၊ လက်ဝဲဘက်တွင် ကျောင်ဆရာကြီးဘက်ကား အိမ်မှသား သို့မဟုတ် သမက်ဖြစ်နိုင်ပါသည်။ ထိုင်လျက်ရှိကြပါသည်။ ဗုံးပေါက်၍ ဒဏ်ရာရပြီး သွေးအိုင်ထဲတွင်လဲနေသောလူများအထဲတွင် ကျွန်တော့်ဘေးနားက ထိုင်နေသော ဆရာဘက်ကား၏လူလည်းပါဝင်ခဲ့ပါသည်။ အကယ်၍ ထိုလူသာမရှိခဲ့လျှင် ကျွန်တော် သို့မဟုတ် ဆရာကြီးဦးဦးသာထွန်း တစ်ယောက်ယောက် ဒဏ်ရာရသွားနိုင်ပါသည်။ ကံကောင်းသည်ဟု ထိုစဉ်ကပြောခဲ့ပါသည်။ ဆရာကြီးနှင့်ကျွန်တော်သည် သေတွင်းက သီသီကလေး လွတ်မြောက်လာခဲ့ပါသည်။
နောက်တစ်နေ့တွင် ဆရာကြီးသည် ကျွန်တော်ကိုခေါ်၍ သျှစ်သောင်းဘုရားအတွင်း ပတ်လမ်းအလယ်တစ်နေရာတွင် အဓိဋ္ဌာန်ဝင်နေသော ကိုရင်ကြီး(စစ်တွေမြို့လမ်းသစ်ရပ် ငှက်ပျောတောကျောင်းမှ ကိုရင်ကြီး) ကိုဗုံးခွဲသူမည်သည့်အဖွဲ့အစည်းမှဖြစ်ကြောင်း မေးမြန်းခဲ့သည်ကို မှတ်မိပါသေးသည်။
တစ်ခါတွင်လည်း ဆရာကြီးအိမ်တွင် ဆရာကြီးနှင့်ထမင်းစားနေကြစဉ် လူတစ်ယောက်အပြေးအလွှား ရောက်လာပြီး သတင်းလားပို့ပါသည်။ သျှစ်သောင်းဘုရား၏ အ၀င်လမ်းနှင့် မနီမဝေးတွင်စေတီငယ်တစ်ဆူရှိပါသည်။ စေတီတိုင်းတွင် မုခ်ဝကို အနောက်ဘက်သို့လှည့်ထားပါသည်။ ထိုစေတီငယ်သည် မင်းဗာကြီး၏ အရိုးအိုးစေတီ (Mortuary Temple) ဖြစ်ပါသည်။ ဘုရင်မင်းဗာကြီးသည် ဘင်္ဂလား ၁၂ မြို့ကို အောင်နိုင်ခြင်းအထိမ်းအမှတ်ဖြစ်၍ ရန်အောင်ဇေယျ ခေါ် သျှစ်သောင်းပုထိုးတော်ကြီးကို တည်ထားခဲ့၍ သူကွယ်လွန်ပြီးသည့်နောက် သူ့အရိုးအိုး စေတီငယ်ကို အနောက်ဘက်သို့မုခ်ဝလှည့်ထားခြင်းဖြစ်သည်။ စေတီအတွင်းတွင် မင်းဗာကြီး၏အုတ်ဂူကို အနောက်ဘက်သို့ မုခ်ဝကို လှည့်ထားခဲ့ခြင်း ဖြစ်သည်။ စေတီအတွင်းတွင် မင်းဗာကြီး၏ အုတ်ဂူကို ဘုရားပလ္လင်သဏ္ဍာန်ပြုလုပ်ထား၍ အပေါ်တွင် ထိုင်တော်မူဘုရားတစ်ဆူရှိပါသည်။
ဆရာကြီးကို သတင်းလာပို့သည်မှာ မနေ့ညက မင်းဗာကြီး၏ အုတ်ဂူကို သိုက်ဆရာများက ဖောက်ထွင်းဖြိုဖျက်ပြီး အထဲတွင်ရှိသော အဖိုးတန်ပစ္စည်းများကို ယူသွားပြီးဖြစ်ကြောင်း လာပြောခြင်းဖြစ်ပါသည်။ ဆရာကြီးသည် စားနေသောထမင်းကို ဆက်မစားတော့ဘဲ လက်ဆေးပြီး ‘မောင်အေးသိန်း။ လားသွားမယ်’ ဆိုပြီး အပြေးအလွှား သွားရောက်ခဲ့ကြပါသည်။ စေတီအထဲဝင်လိုက်သော အခါ ဘုရားကို ဘေးရွှေ့ထားပြီး ဘုရားအောက်မြေလှန်ရှာဖွေထားသည်ကို တွေ့ရပါသည်။
မကြာမှီနေ့တစ်နေ့တွင် ဆရာ့အိမ် ကျွန်တော်သွားပါသည်။ ပက်လက်ကုလားထိုင်တစ်လုံးတွင် ထိုင်၍ အင်္ဂလိပ်စာအုပ်တစ်အုပ်ကို ဖတ်နေပါသည်။ ကျွန်တော်သိရသလောက် ဆရာသည် ဘွဲ့မရသည့်အပြင် ၁၀ တန်းပင်မအောင်ခဲ့ဟု ထင်ရပါသည်။ ကျွန်တော်က ဘာစာအုပ်ကို ဖတ်နေပါသလဲလို့ မေးလိုက်တော့ ဦးရွှေဇံအောင်ဘာသာပြန်ခဲ့သော ဗုဒ္ဓအဘိဓမ္မာစာအုပ်ဖြစ်ကြောင်း ဤစာအုပ်ကို သြစတြေးလျတက္ကသိုလ် ဒဿနိကဘာသာရပ် ပြဋ္ဌာန်းထားသော စာအုပ်ထဲတွင် ဤစာအုပ်လည်း တစ်အုပ်အပါအ၀င် ဖြစ်ကြောင်း ဆရာပြောပြ၍ ထိုစဉ်က ဤဦးရွှေဇံအောင်ကို ကျွန်တော် စ၍ကြားဖူးခြင်းဖြစ်ပါသည်။
ဆရာကြီးတွင် တက္ကသိုလ်မှပေးအပ်ခဲ့သော ဒီဂရီဘွဲ့ထူးဂုဏ်ထူးများ မရှိပါ။ ‘သမိုင်းပညာရှင်’ သမိုင်းပဏ္ဍိပ် ဦးဦးသာထွန်းဟု ဂုဏ်ထူးသာရှိပါသည်။ ရခိုင်သားလောကတွင် အာနန္ဒာစန္ဒြားကျောက်စာကို အစမှအဆုံးအထိ ဖတ်၍ ဘာသာပြန်နိုင်သူမှာ ဆရာကြီးဦးဦးသာထွန်းနှင့် ရူပဗေဒပညာရှင် ဦးစံသာအောင် ၂ ဦးသာ ရှိခဲ့ပါသည်။
၁၉၅၅-၅၆-၅၇ နှစ်များအတွင်း စာရေးသူ၏ ဖခင်ရှိနေစဉ် ရန်ကုန်မြို့ ရန်ကုန်တက္ကသိုလ်ရှေးဟောင်းသမိုင်ဌာနမှ ကျောက်စာဝန် ဦးလူဖေ၀င်းသည် ရခိုင်သမိုင်းကို လေ့လာကြည့်ရန်နှင့် ကျောက်စာများကူးရန်မြောက်ဦးမြို့သို့ခဏလာပါသည်။ လာတိုင်းကျွန်တော်တို့အိမ်တွင် တည်းခိုပါသည်။ မြန်မာစာသတ်ပုံနှင့် ပတ်သက်လျှင် စာရေးသူ၏ဖခင်နှင့်ဆွေးနွေးပြီး သမိုင်းများ၊ ကျောက်စာများနှင့် ပတ်သက်လာလျှင် ဆရာကြီး ဦးဦးသာထွန်းကို အခေါ်လွှတ်၍ ဆွေးနွေးပါသည်။
ကျွန်တော့်ဖခင်သည် ဆရာဦးဖေ၀င်း၏ လိုအပ်ချက်များအားလုံးကို ဆရာဦးဦးသာထွန်းနှင့် တွေ့ပေးရာ ဆရာကြီးဦးဦးသာထွန်းကို သူထင်သည်ထက်များစွာ အကူအညီပေးနိုင်ခဲ့သူတစ်ဦးအဖြစ် လာတွေ့ရာ ကျောက်စာဝန်ဦးဝင်းဖေက တအံ့တစ်သြနှင့် ‘ဤဒေသမျိုးမှာ ဤမျှလောက်သမိုင်းပညာကို တတ်ကျွမ်းနားလည်သောသူ ရှိလိမ်းမယ်လို့ ကျွန်တော်မထင်ခဲ့ဘူး ဦးသာဇံ’ ဟု စာရေးသူ၏ဖခင်ကို ပြောဖူးပါသည်။
ထိုစဉ်က ဆရာကြီးဦးဦးသာထွန်းသည် အလယ်တန်းပြကျောင်း ဆရာလုပ်နေပါသည်။ စာရေးသူ၏ဖခင်ထောက်ခံတင်ပြခဲ့၍ ဆရာဦးဦးသာထွန်းကို လက်ရှိကျောင်းဆရာအလုပ်မှ ထွက်စာမတင်ရသေးဘဲနှင့်ပင် အငယ်တန်းကျောက်စာဝန် (နောက်ပိုင်း ရာထူးတိုးပေးပါသည်။) ရာထူးကိုခန့်အပ်ခြင်းခံခဲ့ရပါသည်။
ဆရာကြီးသည် ရန်ကုန်မြို့ရှိ ရှေးဟောင်းသမိုင်း သုတေသနဌာနသို့ ခဏတဖြုတ် လာရလေ့ရှိပါသည်။ ဦးလူဖေ၀င်းက ဦးဦးသာထွန်း ရန်ကုန်လာလျှင် ကျွန်တော့်ထံ မ၀င်ဘူးဟု ကျွန်တော့်အဖေကို အကျိုးအကြောင်းပြောပါသည်။ သူသိချင်သော သမိုင်းကစ္စရပ်များကို ဆွေးနွေးမေးမြန်းလို၍လည်း ဖြစ်နိုင်ပါသည်။ ဆရာကြီးအကြောင်းကို ကျွန်တော်ကောင်းကောင်းသိပါသည်။ ဦးလူဖေ၀င်းခေါ်လျှင် သူမလာဘဲ မနေပါ။ မခေါ်၍မလာဖြစ်သာဖြစ်ပါသည်။
“အစ်ကိုဦးသာထွန်း။ ဆရာယခုလက်ရှိရာထူးရရန် ကျွန်တော်က ထောက်ခံသူသာဖြစ်တယ်။ ဆရာကို အလုပ်ခန့်တာက ဦးလူဖေ၀င်းဖြစ်တယ်။ ကျေးဇူးတော့ရှိတယ်။ ရန်ကုန်ရောက်ရင် သူ့ဆီမသွားဘဲ မနေနှင့်။ တခါတရံ သူ့အိမ်ဝင်လိုက်ပါ….”
လို့ ကျွန်တော့်အဖေနှင့် တွေ့စဉ် ပြောသည်ကို မှန်မိပါသေးသည်။ ဆရာကြီးသည် သမိုင်း (ရာဇ၀င်) နှင့်ပတ်သက်လာလျှင် စိတ်ရှည်သည်းခံသော်လည်း တခြားကိစ္စရပ်များတွင် အေးအေးဆေးဆေးနေတတ်သူတစ်ဦး ဖြစ်ပါသည်။
ကျွန်တော်သည် မြောက်ဦးမြို့တွင် ၂ နှစ်ကျော်ခန့်နေခဲ့ရာ ဆရာကြီး၏ လမ်းလျှောက်တုတ်ချောင်းပမာ ကျွန်တော့်ကို ဘယ်သွားသွား ခ်ါသွားပါသည်။ ကျွန်တော့်ကလည်း ဆရာကြီး၏လက်ကို ကိုင်း၍နောက်ကလိုက်ရင်း နောင်တွင်စာရးဆရာသမိုင်းသုတေသီတစ်ဦးအဖြစ်သို့ ရောက်လာခဲ့သူဖြစ်ပါသည်။ ဆရာကြီးဦးဦးသာထွန်းသည် စာရေးသူတစ်ယောက်အတွက်သာ အဟုတ်ခဲ့ပါ။ ရခိုင်တစ်မျိုးသားလုံးအတွက် မီးရှူးတန်ဆောင် အာဇာနည်တစ်ဦးဖြစ်ခဲ့ပါသည်။
ဆရာကြီးဦးဦးသာထွန်းကို ရခိုင်ပြည်နယ်။ မြောက်ဦးမြို့၊ ညောင်ပင်ဈေးရွာနေ(အဘ) ဦးကောင်းစံရွှီ။ အမိဒေါ်အောင်ကြွေဇံတို့မှ ၁၉၁၇ ခု နိုဝင်ဘာလ ၂၃ ရက်သောကြာနေ့တွင် ဖွားမြင်ခဲ့သည်။ တစ်ဦးတည်းသောသားကြီး သြရသဖြစ်သည်။

ငယ်ရွယ်စဉ်မှစ၍ အဘိုးဖြစ်သူ ရာဇ၀င်ဆရာကြီးဦးဦးသာထွန်းအောင်က ရခိုင်ရာဇ၀င် ဆေးကျမ်း၊ နက္ခတ်ကျမ်း၊ ပူရာဏ်ကျမ်းများကို နှုတ်တိုက်အာဂုံသင်ကြားပေးခဲ့သည်။ န၀မတန်းတွင် ပညာသင်ကြားနေစဉ် ဖခင်ကွယ်လွန် သွားသဖြင့် ကျောင်းမှနှုတ်ထွက်လိုက်ရပြီးနောက် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်တို့ထံ၌ သက္ကတ၊ သမိုင်း၊ အင်း၊ ဗေဒင်နှင့် အခြားလောကီပညာရပ်များကို သင်ကြားလေ့လာဆည်းပူးခဲ့သည်။

၁၉၅၀ ခုနှစ်မှ ၁၉၅၅ ခုနှစ်အထိ မူလတန်းကျောင်းဆရာအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်ထိမြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာနခွဲတွင် ရခိုင်မြန်မာပဏ္ဍိပ်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ ယခုလက်ရှိ မြောက်ဦးရှေးဟောင်းသုတေသနပြတိုက်ကြီးသည် ဆရာကြီးစုဆောင်း တည်ဆောက်ခဲ့သော ပြတိုက်ကြီးဖြစ်သည်။ ၁၉၇၇ ခုနှစ်မှ ၁၉၈၃ ခုနှစ်ထိမြောက်ဦးမြို့ ရှေးဟောင်း သုတေသနဌာနခွဲတွင် အကြံပေးပုဂ္ဂိုလ်အဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၀ ခုနှစ်မှ ၁၉၈၃ ခုနှစ်တွင် ကိုယ်တိုင်ကိုယ်ကျ သုတေသနလုပ်ငန်း ပါဝင်တူးဖေါ် ဆောင်ရွက်ခဲ့သည်။

မြောက်ဦးမြို့ဘုရားသမိုင်း (၁၃၀၁ ခုနှစ် ပုံနှိပ်) ဦးရာဇ်တောင်ဘုရားသမိုင်း (ပုံနှိပ်)၊ မြောက်ဦးမြို့ဘုရားသမိုင်း ကျမ်းပြင်ဆင်ဖြည့်စွက်ချက် (ပုံနှိပ်)၊ (၁၉၅၂-၁၉၅၃) ရက္ခိုင်အမျိုးသမီးသူရဲကောင်းအတ္ထုပတ္တိ (၁၉၅၃-၅၄) (ပုံနှိပ်)၊ ရက္ခိုင်ရာဇ၀င်သင်္ခေပကျမ်း(၁၉၅၄-၅၅)(ပုံနှိပ်)၊ ရှင်သတ်ဘုရားသမိုင်း(ပုံနှိပ်) တို့ကိုထုတ်ဝေခဲ့သည်။
ရခိုင်ရဗျာပေါင်းချုပ်၊ ရခိုင်ရာဇ၀င်လင်္ကာဘာသာပြန်၊ ရခိုင်ဒင်္ဂါးများဘာသာပြန်၊ ရခိုင်ပြည်နယ်ဓတ်တော် ဘုရားစေတီများနှင့် မြောက်ဦးမြို့ တန်ခိုးကြီးဘုရားများ သမိုင်းကျမ်းစာမူများကို ရေးသားပြုစုပြီး ဘဏ္ဍာရေး ၀န်ကြီးဆရာဦးထွန်းအောင်ကျော်သို့ ပေးအပ်ခဲ့သည်။

အံတော်သိမ်တော်ဘုရားသမိုင်းကျမ်း၊ သဲထက်ဘုရားသမိုင်း၊ ထီးတော်မိုးဘုရားသမိုင်း၊ ဘောင်းဒွတ်နတ်တော် ဘုရားသမိုင်း၊ မဟာထီးဘုရားသမိုင်း၊ သျှစ်သောင်းဘုရားသမိုင်း၊ ပါးတော်ဘုရားသမိုင်း၊ ဘုရားပေါ်ဘုရာသမိုင်း၊ မင်္ဂလဓာတ်ရွှေကူဘုရားသမိုင်းတို့ကို ရတုလင်္ကာစကားပြေမော်ကွန်း စသည်တို့ဖြင့် ရေးသားထုတ်ဝေခဲ့သည်။ ဓည၀တီမဂ္ဂဇင်းကို စာတည်းနှင့် အယ်ဒီတာအဖြစ်တာဝန်ယူ ထုတ်ဝေခဲ့သည်။ ဓည၀တီစာစောင်၊ ဓည၀တီ မဂ္ဂဇင်း၊ ရခိုင်တန်ဆောင်မဂ္ဂဇင်း၊ မန္တလေးပြည်သူဂျာနယ်၊ ရန်ကုန်မဂ္ဂဇင်း၊ စုံထောက်မဂ္ဂဇင်း၊ ယဉ်ကျေးမှု စာစောင်၊ ရခိုင်မဂ္ဂဇင်း၊ စစ်တွေကောလိပ်မဂ္ဂဇင်း၊ ရခိုင်ပြည်နယ်စာစောင်၊ ၀ရာဇ်မဂ္ဂဇင်းတို့တွင် ဦးဦးသာထွန်း၊ ဦးသူရိယ စသည့်ကလောင်အမည်များဖြင့် ဆောင်းပါး မြောက်များ စွာရေးသာခဲ့သည်။

မြို့စောင့်နတ် ဒေ၀တာဗလီပူဇောကျမ်း၊ အဉ္စနနိဒါန်းဆေးကျမ်း၊ ရခိုင်စည်ပြုလုပ်ပုံနှင့် တီးကွက်တီးလုံးများ၊ ကဗျားများ၊ စုပေါင်းစာကမ်း၊ ရခိုင်ထိမ်းမြားမင်္ဂလာပန်း၊ တျားတီးလုံးတီးကွက်နှင့် ပြုလုပ်ပုံ အတိုင်းအတာ စာတမ်း၊ ရခိုင်သတ်ပုံသတ်ညွှန်း ခွဲထားခြင်းအဓပ္ပာယ်တွက်ပုံစာတမ်း၊ ရခိုင်ပုလွေ(ပြွီ) အမျိုးမျိုးတို့ကို ပြုလုပ်ပုံ အတိုင်းအတာစာတမ်း၊ ဗုဒ္ဓပူဇနိယဆီမီးခွက်အက၊ သီချင်းကဗျာ စသည်တို့ကို ရေးသားပြုစုခဲ့သည်။

ဆင်ယင်ထုံးဖွဲ့မှုကျမ်း(မူကြမ်း)၊ ရခိုင်ရာဇ၀တ်(မူကြမ်း)၊ ရခိုင်အက္ခရာဆင်းသက်လာပုံကျမ်း(မူကြမ်း)၊ ရခိုင် ကျောက်စာပေါင်းချုပ်ကျမ်း(မူကြမ်း)၊ ရခိုင်ပြည်နယ်ဘုရားသမိုင်းကျမ်း(မူကြမ်း)၊ ရခိုင်မင်းသား ဒေါင်မာတင် ကျမ်း(မူကြမ်း)၊ အရှင်ဦးမြ၀ါကျမ်း(မူကြမ်း)၊ ရခိုင်မင်သမီးဧချင်း ရှင်းလင်းချက်(မူကြမ်း)၊ ဗျာလ်စာတမ်း(မူကြမ်း)၊ ကျော်တော်မြို့သေလာဂီရိမောရ ပပ္ဗတတောင်ခြေရင်းမှ တွေ့ရှိရသော ကျောက်ဆစ်လက်ရာများ သုတေသနပြု ချက်(မူကြမ်း) စသည်တို့ကို ရေးသာပြုစုခဲ့သည်။

ဆရာကြီးဦးဦးသာထွန်းကို သမိုင်းဆရာတစ်ဦးအနေနှင့်သာ သူသိများပါသည်။ သူရေးသမျှ သမိုင်းနှင့်သာ ပတ်သက်နေမည်ဟု ထင်ကြပါသည်။ သူရေးသမျှ သမိုင်းနှင့်သာ ပတ်သက်နေမည်ဟု ထင်ကြပါသည်။ သို့သော် ဆရာကြီးသည် သမိုင်းပညာရပ်ထက် လွန်၍နက္ခတ်တာရာပညာပါ တတ်မြောက်ကျွမ်းကျင်ပါသေးသည်။
ဆရာကြီးသည် ‘သူရိယပဏ္ဍိပ်’ ကလောင်အမည်ဖြင့် ‘ခေတ်မီ အင်္ဂလိပ်-မြန်မာနှစ် ၃၀၀ ပြက္ခဒိန်’ စာအုပ်ကိုလည်း ပုံနှိပ်ထုတ်ဝေခဲ့ပါသေးသည်။

သြစတြေးလျနိုင်ငံ အမျိုးသာတက္ကသိုလ်သုတေသီ Pamela Gutman ၏ Ancient Arakan ကျမ်းပြုစုရာတွင် လည်းကောင်း၊ ပြင်သစ်နိုင်ငံ ပါရီမြို့မှ ပါမောက္ခရောဖတ်ဆာဗရ် (Bernot) အား ရခိုင်းပုံပြင်လိပ်ကန်ဖားမ ၀တ္တုနှင့် ကျီးဖြူရွာစာတမ်းတို့ကိုလည်းကောင်း၊ အင်္ဂလန်နိုင်ငံ ပါမောက္ခဦးလှသိန်း (ခေါ်) ဂျွန်အိုကဲလ်အား စေတီအဆောက်အအုံနှင့် နန်းအဆောက်အအုံဆိုင်ရာ စာတမ်းကိုလည်းကောင်း၊ အမေရိကန်နိုင်ငံ အာရှဖောင်ဒေးရှင်းအတွင်းရေးမှူး ဒေးဗစ်စတိမ်းဗားစ်အား ဝေသာလီကျောက်ရုပ်တုဆင်းတုတို့၏ နှစ်ပေါင်း ကြာညောင်းမှု တိုင်းတာမှုစာတမ်းကို လည်းကောင်း၊ ဂျပန်နိုင်ငံ ပါမောက္ခအိုနိတိုရှုနှင့် ရခိုင်စကေားပြော လေယူသလေသိမ်းအသံထွက်ပုံစာတမ်းနှင့် မြောက်ဦးမြို့ဘောင်းဒွတ်အရပ်ရှိ ဒခ်ျကောင်းဆတ်လာ အဆောက်အအုံပုံစံနှင့် ကူးသန်းရောင်းဝယ်ခဲ့ကြပုံစာတမ်းကိုလည်းကောင်း၊ ရေးသာပြုစုကူညီခဲ့သည်။

နိုင်ငံတော်အစိုးရ ယဉ်ကျေးမှုဌာနနှင့် အခြားပုဂ္ဂုလ်များအားလည်း ဦးမင်းနိုင်၏ ပြည်ထောင်စု အကပဒေသာစာအုပ် (၁၉၅၉ ခု) ရခိုင်တေးသံစာအုပ် (၁၉၆၅) ရခိုင်တိုင်းရင်းသားလူမျိုးများဖြစ်စဉ်နှင့် ဓလေ့ထုံးစုံများစာအုပ် တိုင်းရင်းသားယဉ်ကျေးမှုရိုးရာဓလေ့ထုံးစံများ၊ ရခိုင်ပြည်နယ် ဘဏ္ဍာတိုက်များကျမ်း၊ ရခိုင်ရိုးရာ စည်(ဗုံ)နှင့် တူရိယာတီးကွက်များစာတမ်း၊ မြန်မာဝေါဟောရ အဘိဓာန်ကျမ်းပြုစုရာတွင် ဝေါဟာရစကားလုံးများနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ကျမ်းကိုးကားချက်များစာအုပ်ပြုစုခြင်း၊ ၁၉၇၆-၇၇ ရခိုင်ပြည်နယ်နေ့၊ ရခိုင်ပြည်နယ်အောင်လံ၊ ရခိုင်ပြည်နယ်တံဆိပ်၊ ရခိုင်ရိုးရာ ကျားမ၀တ်စုံစာတမ်း၊ ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း၊ မြောက်ဦးလမ်းညွှန်စသည်တို့ကို ပါဝင်ကူညီရေးသားပြုစုခဲ့သည်။

အထက်တန်းပညာရေးဦးစီးဌာန ညွှန်ချုပ်(ငြိမ်း) ပါမောက္ခဦးစံသာအောင်အားလည်းကောင်း၊ ၁၉၇၂ ခု အဘိဓမ္မာကောက်နုတ်ချက် ပရပိုက်ကို မိုက်ခရိုဖလင်ရိုက်နှိပ်ရန်လည်းကောင်း၊ ဂ၀ိကဏ္ဍာပါသလောကျမ်း ပေမူကို မိုက်ခရိုဖလင်ရိုက်ရန်လည်းကောင်း၊ လျှို့ဝှက်ကျောက်စာပေဂဏန်ရေးနည်း ပေမူကို မိုက်ခရိုဖလင် ရိုက်ရန်လည်းကောင်း၊ အေစီ ၆ ရာစုနှင့် ယင်းမတိုင်မီ ရခိုင်ပြည်သုံးအက္ခရာစာအုပ်ပြုစုရာတွင်လည်းကောင်း၊ အနန္ဒစန္ဒြား ရှစ်ရာစု ရခိုင်ဝေသာလီ စာအုပ်ပြုစုရာတွင်လည်းကောင်း၊ ရခိုင်ဒင်္ဂါးများသမိုင်းပြုစုရာတွင် လည်းကောင်း၊ ဗုဒ္ဓအနုပညာ (Art of Ancient Arakan) စာအုပ်ပြုစုရာတွင် လည်းကောင်း ပါဝင်ကူညီခဲ့သည်။

၁၉၅၉ ခုနှစ်တွင် ရေဒီယိုမှ ရခိုင်အသံကို စတင် အသံလွှင့်ခဲ့သည်။ တိမ်မြှပ်ပျောက်ကွယ်ခဲ့ပြီဖြစ်သော ရခိုင်ယဉ်ကျေးမှုအမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာဓလေ့ထုံးတမ်းစဉ်လာတို့ကို ကမ္ဘာကသိအောင် ရှာဖွေစုဆောင်းလေ့လာဖော်ထုတ်ခဲ့သည်။ ထိန်းသိမ်စောင့်ရှောင့်ခဲ့သည်။

ရခိုင်သူ ရခိုင်သားတို့ကိုလည်း ရခိုင်ယဉ်ကျေးမှုအမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာဓလေ့ထုံးတမ်းစဉ်လာတို့ကို ရှာဖွေစုဆောင်းလေ့လာဖော်ထုတ် ထိန်သိမ်းကာကွယ်ကြရန် အမြဲ ဆော်သြခဲ့သည်။ ဆရာကြီးသည် ရခိုင်ယဉ်ကျေးမှု အမွေအနှစ်၊ ရခိုင်သမိုင်း၊ ရခိုင်စာပေ၊ ရခိုင်ရိုးရာဓလေ့ထုံး တမ်းစဉ်လာများကို အသစ်တဖန်ပြန်လည် မွေးထုတ်ပေးခဲ့သော သမိုင်းပဏ္ဍိပ်သခင်ကြီးတစ်ဦးပင် ဖြစ်ပါသည်။
ဆရာကြီးသည် ၁၄-၈-၉၀ နေ့တွင် စစ်တွေမြို့၌ ကွယ်လွန်ခဲ့သည်။ ဆရာကြီး၌ ဇနီးဒေါ်မစိန်သာနှင့်သား ကိုကျော်ထွန်းအောင်အပြင် သမီး ၄ ဦး ကျန်ရစ်ခဲ့သည်။

ဆရာကြီး၏အလောင်းကို သူ၏ဇာတိချက်ကြွေ မြောက်ဦးမြို့သို့ ယူဆောင်လာခဲ့ပြီး ဆရာကြီးအလွန်ယုံကြည် တန်ဖိုးထားခဲ့သော ရန်အောင်ဇေယျ ခေါ် သျှစ်သောင်းပုထိုးတော်ကြီး ဘုရားရိပ်တွင် အစဉ်လဲလျောင်းရန် နေရာချထားပေးခဲ့သည်။



(နိုင်ငံအကျိုးပြုအဖိုးတန်ရတနာများ - အေးသိန်း စာအုပ်မှ)