Saturday 2 November 2013

Illegal migrated in India from bangladesh

ဒုတိယပိုင်း) KMS 1 NOV 2013
အခန်း (၁)
နိဒါန်း

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အာသံပြည်နယ်အတွင်းသို့ တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ၏ အရေအတွက်များစွာ စီးဝင်လာမှုသည် လျော့ကျခြင်းမရှိဘဲ အကျိုးဆက်အဖြစ် ပြည်နယ်၏ လူမျိုးနွယ် ဖွဲ့စည်းမှု ပုံစံအပေါ် ကြီးမားသိသာသော အပြောင်းအလဲ ဖြစ်ပေါ်စေမှုသည် လေးလေးနက်နက် စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ရပ် ဖြစ်လျှက် ရှိနေခဲ့သည်။ ဤကိစ္စသည် အာသံလူထုအား - တြိပူရပြည်နယ်နှင့် ဆစ်ကင်းပြည်နယ်တို့တွင် ဖြစ်ပျက်ခဲ့သကဲ့သို့ - သူတို့၏ ကိုယ်ပိုင်ပြည်နယ်တွင် လူနည်းစုတစ်ခု အဖြစ်သို့ လျော့ကျသွားစေအောင် ခြိမ်းခြောက်နေပေသည်။
Chapter I
INTRODUCTION
The unabated influx of illegal migrants from Bangladesh into Assam and the consequent perceptible change in the demographic pattern of the State,
has been a matter of grave concern. It threatens to reduce the Assamese people to a minority in their own State, as happened in Tripura and Sikkim.
အာသံပြည်နယ်အတွင်းသို့ တရားမ၀င် ရွှေ့ပြောင်းနေထိုင်မှုသည် အာသံ ကျောင်းသားလှုပ်ရှားမှု၏ နောက်ကွယ်မှ ပင်မဖန်တီးမှုဖြစ်ပါသည်။ ပြည်နယ်အတွင်း သောင်းကျန်းမှုကို ဖြစ်ပေါ်စေသည့် နောက်ကွယ်ရှိ အဓိက အားပေးနေသော အခန်းကဏ္ဍလည်း ဖြစ်ပါသည်။ သို့တိုင်အောင် ဤ အရေးကြီးသော ကိစ္စရပ်အားလုံးနှင့် နှီးနွယ်၍ သိသာမြင်သာသော တိုးတက်မှု အများအပြားကို ကျွန်ုပ်တို့ မလုပ်နိုင်ခဲ့သေးပေ။
Illegal migration into Assam was the core issue behind the Assam student movement. It was also the prime contributory factor behind the outbreak of insurgency in the State. Yet we have not made much tangible progress in dealing with this all important issue.
အာသံပြည်နယ်အတွင်းသို့ တရားမ၀င် ရွှေ့ပြောင်း နေထိုင်မှုကို အာသံပြည်နယ်မှ လူထုကိုသာလျှင် သက်ရောက်စေသည့် ဒေသဆိုင်ရာ အရေးကိစ္စတစ်ခု အဖြစ် ရှုမြင်နေသည့် သဘော ရှိနေပါသည်။ ကျွန်ုပ်တို့၏ နိုင်ငံတော်လုံခြုံရေးကို ကြီးမားစွာ အားလျော့စေသည့် ထိုအရေး၏ အန္တရာယ် ကြီးမားလှသည့် အပိုင်းကို လျစ်လျူရှုထားလျှက် ရှိပါသည်။

There is a tendency to view illegal migration into Assam as a regional matter, affecting only the people of Assam. Its more dangerous dimension of greatly undermining our national security, is ignored.

ကာလကြာမြင့်စွာ စိတ်ကူးမျှော်မှန်းထားသည့် ဒီဇိုင်းပုံဟန်ဖြစ်သော “မဟာ အရှေ့ပါကစ္စတန်/ ဘင်္ဂလားဒေ့ရှ်” သည် - နိုင်ငံ၏ အခြားအစိတ်အပိုင်းများနှင့် ဆက်စပ်လျှက်ရှိသည့် မဟာဗျူဟာ မြောက် နယ်မြေဆီသို့ လမ်းပေါက်စေခြင်းအားဖြင့် - ကြွယ်ဝသော သယံဇာတ အားလုံးနှင့်တကွ ဖြစ်သည့် [အိန္ဒိယနိုင်ငံ] အရှေ့မြောက်ပိုင်း မြေထုကြီး တစ်ခုလုံးကို နိုင်ငံမှ ခွဲထုတ်ပစ်ခြင်းတည်း ဟူသော အန္တရာယ် ကျရောက်စေခြင်းဆီသို့ ဦးတည်သွားစေနိုင်လျှက် ရှိပါသည်။
The long cherished design of Greater East Pakistan/Bangladesh, making inroads into the strategic land link of Assam with the rest of the country, can lead to severing the entire land mass of the North East, with all its rich resources, from the rest of the country.
ဤကိစ္စသည် ကပ်ဘေးဆိုက်ကပ်စေသည့် မဟာဗျူဟာဆိုင်ရာ နှင့် စီးပွားရေးဆိုင်ရာ နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာစေလိမ့်မည် ဖြစ်ပါသည်။ ကျွန်ုပ်သည် အာသံပြည်နယ်အတွင်း လူအရေအတွက် များစွာဖြင့် တရားမ၀င်ရွှေ့ပြောင်းနေမှုနှင့် ပတ်သက်၍ ကွဲပြားခြားနားသော နောက်ခံ အခြင်းအရာများ နှင့် ကွဲပြားခြားနားသော အယူအဆအမျိုးမျိုးတို့ဖြင့် အလေးအနက် ဆွေးနွေးခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ဤအထဲတွင် နိုင်ငံရေးသမားများ၊ လူနည်းစု အသိုက်အ၀န်း ခေါင်းဆောင်များ၊ သတင်းဂျာနယ်သမားများ၊ ရှေ့နေများ၊ လက်ရှိတာဝန်ထမ်းနေသူနှင့် အငြိမ်းစားယူထားသူ နှစ်မျိုးစလုံးဖြစ်သည့် အစိုးရ အရာရှိများ၊ လူမှုရေးလုပ်သားများ အစရှိသည်တို့ ပါဝင်သည်။
This will have disastrous strategic and economic consequences. I have held prolonged discussions about illegal migration with a large number of people in Assam of different background and with different shades of opinion. This has included politicians, leaders of the minority community, journalists, lawyers, Government officials, both serving and retired, social workers and so on.
ကျွန်ုပ်သည် ဒါကာမြို့ရှိ အိန္ဒိယနိုင်ငံ မဟာမင်းကြီးနှင့် ဤအရေးကို အကျေအလည် ဆွေးနွေးခဲ့ပါသည်။ ထို့အပြင် ကျွန်ုပ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်ချင်းစပ်နေသော နယ်စပ်ဒေသများသို့ - နယ်စပ်လုံခြုံရေး တပ်ဖွဲ့၏ မြေပြင်နှင့် မြစ်ကြောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့(?) (ဘီအိုပီ) အများအပြားထံ လည်ပတ်ရင်း - တနံတလျား ခရီးထွက်လှည့်လည်ခဲ့ပါသည်။ ထို့အပြင် ကျွန်ုပ်သည် ဤကိစ္စနှင့် စပ်လျဉ်းသော လိုအပ်သမျှ စာပေမှတ်တမ်းများနှင့် စာရင်းဇယားများကိုလည်း လေ့လာခဲ့ပါသည်။ ဤအခြေခံပေါ်တွင် - ကျွန်ုပ်သည် ဤအစီရင်ခံချက်တွင် ပါရှိသည့် ကျွန်ုပ်၏ အမြင်များနှင့် အကြံပြုချက်များကို တွက်ထုတ်စီစဉ်ပြုလုပ်ခဲ့ပါသည်။ တရားမ၀င် ရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ဆက်စပ်နေသော အကြောင်းရပ် အမျိုးမျိုးကို စစ်ဆေးလေ့လာထားခဲ့ပါသည်။
I have also discussed this issue at length with the Indian High Commissioner at Dhaka. Besides, I have extensively toured the border areas of Assam with Bangladesh, visiting a number of land and riverine BOPs of the Border Security Force. Further, I have studied the relevant literature and statistics on this subject. On this basis, I have formulated my views and recommendations contained in this report. Different aspects connected with the illegal migration have been examined.
တရားမ၀င် ရွှေ့ပြောင်းနေထိုင်သူများ ဆက်တိုက် စီးဝင်နေမှုအား ပိုမို ထိရောက်စွာ ဖမ်းဆီးအရေးယူရေးနှင့် ဖြစ်ပေါ်ခဲ့ပြီး ဖြစ်သည့် အစုလိုက်အပြုံလိုက် ခိုးဝင်ခြင်းများမှ ပြောင်းပြန်သက်ရောက်နေသည့် စည်းကမ်းချိုးဖောက်မှုများကို လျော့ပါးသွားစေရန် လက်တွေ့ကျသည့် ခြေလှမ်းများ ပြုလုပ်ရေးတို့အတွက် အကြံပြုချက်များ ပြုလုပ်တင်ပြထားပါသည်။
Recommendations have been made for more effectively arresting the ongoing influx of illegal migrants and taking practical steps to soften the adverse fall outs from the large scale infiltration that has already taken place.

http://www.satp.org/satporgtp/countries/india/states/assam/documents/papers/illegal_migration_in_assam.htm"